Happiest and Bright days

68 3 0
                                    

ကျမ10တန်း တုန်းကအရမ်းပျော်တယ်
ကျောင်းမှာ သူငယ်ချင်းကောင်းတွေ ရလာလို့
ရင်ဖွင့်ဖြစ်ပြီး သူတို့က နှစ်သိမ့်ပေးခဲ့တယ်
အချစ်ဆုံး သူငယ်ချင်းတွေတောင်ဖြစ်ခဲ့တာ
သူတို့ကြောင့် စိတ်လွတ်လပ် ပျော်ရွှင်ခဲ့တယ်
အပူအပင်သိပ်မရှိဘူး အမြဲအားရှိတယ်
သူတို့မိဘတွေကလည်း ကိုယ့်ကို
ဂရုစိုက်ပေးတယ်
အမေကတော့ အိမ်မှာ သူ့သား မူကြိုအရွယ်
လေးနဲ့ဆိုတော့ အရင်ကထက်ပို အလုပ်များပြီး ကျမကို သိပ်ဂရုမစိုက်အားတော့ဘူး

အဖွားနဲ့ဒေါ်လေးတို့ကတော့ အဝေးကနေ
မနေနိုင် ဖုန်းဆက်တယ် စိတ်ပူလို့တဲ့
10တန်းမလို့ အမြဲစာသေချာကြိုးစားဖို့
မပေါ့ဖို့ သတိပေးတယ် ဟင်းတွေမုန့်တွေ
Sat & Sunဆိုလာပို့ပေးတာ ဒေါ်လေးက
သူ့မှာသားပဲရှိတော့ ကျမကို မွေးကတည်းက
သူအရမ်းချစ်တာ သူ့သမီးအရင်းအတိုင်း
အရိပ်တကြည့်ကြည့်နဲ့ ကျမကိုအချစ်ပေးဆုံး
အန်တီလေးပေါ့ ကျောင်းအတွက်လိုတဲ့
စာအုပ် အင်္ကျီ အစုံဝယ်ပေးတယ်

အဖေကတော့ သံတွဲမှာပဲ အလုပ်လုပ်နေရတုန်းပဲ ညတိုင်း ဖုန်းပြောဖြစ်တယ်
စာကြိုးစားဆိုပြီး မှာတာတစ်နေ့မှ မမေ့ဘူး
မုန့်ဖိုးလည်းပို့ပေးတယ်

10တန်းဆိုတော့ အိမ်မှာ အိပ်ချိန်နဲ့
နေ့လည်စာ စားချိန်ကလွဲရင် မရှိဘူး
မနက်ပိုင်း 7amကျောင်းတက်ဖို့ 5amထ
ပြင်ဆင် 6am ferry စီး ကျောင်းသွား
ရောက်ရင် အခန်းဝေယျာဝစ္စကူလုပ်ပေး
နိုင်ငံတော်သီချင်းဆို ဘုရားရှိခိုးနဲ့
ကျောင်းသားဘဝ နောက်ဆုံးအတန်းကို
စတင်တယ် 9am ကနေ 9:15amထိ မုန့်စားဆင်းချိန် အဲ့အချိန်အကြိုက်ဆုံး
11:30am ကျောင်းဆင်းပြီဆိုတာနဲ့
ferryဆီသွား အိမ်ရောက်တာနဲ့
ထမင်းစား အင်္ကျီလဲ 15minအတွင်း
ပြီးတာနဲ့ ကျူရှင်ကို 12:30အရောက်
အမြန်သွားရတယ် စာသင်ချိန်1နာရီကို
ဆရာတစ်ယောက် တစ်နေ့ကိုအနည်းဆုံး
ဆရာမနဲ့ဆရာ ၃ ၊၄ ယောက်လောက်
လာတယ် 5နာရီဆို guide သင်ပေးတဲ့
အမလာပြီး ဆရာမတွေပေးသွားတဲ့
နားမလည်သေးတာတွေ မရှင်းတာတွေ
ပြန်လုပ်ပေးပြီး ကျက်စရာရှိရင်
တစ်နေ့တည်းအပြီးကျက်ရတယ်
စာပြန်ရတယ် တပတ်တခါ တလတခါ
စာမေးပွဲဖြေရတယ် စာအရမ်းလုပ်ရပေမယ့်
ပျော်တယ် ဆရာမကောင်းတွေ သူငယ်ချင်းတွေနဲ့ တူတူမလို့

Broken soulWhere stories live. Discover now