vow-18

3K 288 22
                                    

Zawgyi //

ညလယ်ခေါင်တစ်ရေးနိုးတော့ ဂျောင်ကုကဆက်နွယ်ထားတဲ့နေရာကို ထယ်ယောင်းမနိုးအောင်း ဖြည်းဖြည်းချင်းပြန်ထုတ်သည် ။ ခက်တာက ပြည့်ပြည့်ဖြိုးဖြိုးနဲ့ဗလပြချင်လာတဲ့ သူ့ရဲ့ငယ်ပေါင်းကြီးဖော် ။

" oh..shit !!  "

ခပ်တိုးတိုးဆဲရေးလိုက်ရင်း ဂျောင်ကုက လက်ကိုခပ်မြန်မြန်လှုပ်ရှားကာ ရေချိုးခန်းထဲကို အမြန်ပြေးတော့သည် ။ သူ့အကောင်က အရေးအကြောင်းဆိုတော်တော်လေးဒုက္ခပေးသည် ။

ရေချိုးခန်းထဲမှာ နာရီဝက်လောက်အချိန်ဖြုန်းပြီးတော့ လူကတော်တော်လေးနုံးချိချိနိုင်လာသည် ။ လှဲပြီးလည်းအိပ်မနေချင်တော့တာကြောင့် ကုတင်စွန်းမှာပဲငုတ်တုတ်ထိုင်နေမိသည် ။

... tin!! ..

ဖုန်းထဲဝင်လာတဲ့ message သံကြောင့် ဂျောင်ကုက စားပွဲပေါ်ကိုမျှော်ကြည့်လိုက်သည် ။ သူ့ဖုန်းမဟုတ်ဘဲ ထယ်ယောင်းရဲ့ဖုန်းဖြစ်နေတာကြောင့် နည်းနည်းလည်းလှုပ်လှုပ်ရှားရှားဖြစ်ချင်လာသည် ။

... tin...

နောက်တစ်ကြိမ်ထပ်ဝင်လာတာမှာ သူ ယူမကြည့်ဘဲ မနေနိုင်တော့ ။ ဒါကြောင့် ငယ့်ဖုန်းကိုယူကာ message တွေဝင်ဖတ်ကြည့်နေလိုက်သည် ။ ဝင်လာတဲ့ message က ထွေထွေထူးထူးတော့မဟုတ်ပေမယ့် "အစ်ကိုဆောဂျွန်း" ဆိုသော contact name ကြောင့် စိတ်ဝင်စားမိတာလည်းပါသည် ။

နောက်တော့ဂျောင်ကုက ထယ်ယောင်း ဒီနေ့ဘာကြောင့်ထူးဆန်းနေရသလဲဆိုတဲ့အဖြေကို ရှာတွေ့မိသွားသည် ။ ဆောဂျွန်းဆိုသောသူနှင့်ငယ့်ရဲ့အပြန်အလှန်ရေးထားတဲ့စာတွေကိုဖတ်ရင်း ဒီနေ့ရဲ့တရားခံဟာ ဆောဂျွန်းဖြစ်ကြောင်း ဂျောင်ကု သဘောပေါက်သွားသည် ။

ဒီလိုဆိုတော့လည်း ဘတ်ဆောဂျွန်းဆိုသောလူကို သူ ကျေးဇူးလေးတင်မိသား ။

" ကိုယ့်ရဲ့ကောင်ဆိုးလေးက အဲ့ဒါကြောင့်ကိုယ့်ကို တစ်နေ့လုံးစဉ်းစားစရာတွေပေးနေတာပေါ့ ဟုတ်လား "

ဂျောင်ကုက ထယ်ယောင်းရဲ့နဖူးလေးကို ဖွဖွလေးတောက်ရင်း အသည်းယားစွာဆိုသည် ။ လိုက်လည်းလိုက်ပေသည် ။ တစ်ယောက်ကလည်း မြှောက်ပေးပြီး ဒီကအဆိုးလေးကလည်း ခိုင်းတဲ့အတိုင်းလိုက်လုပ်သည် ။

' VOW '  ( completed )Tahanan ng mga kuwento. Tumuklas ngayon