" အစ်မချယ်ယောင်း ဒါရောထည့်ရမှာလား.."
" အင်း တစ်ဇွန်းစာပဲထည့်နော်.."
မနက်စောစောလီဆာက ကင်တို့အိမ်ရဲ့ထမင်းစားခန်းထဲမှာ။ အမှန်တော့ ညကတည်းကမပြန်တာပါ။ ဂျီဆူးကိုအတင်းပြန်လွှတ်ပြီး လီဆာက ကင့်အခန်းထဲမှာပေကပ်ကျန်ခဲ့တာ။ လီဆာ့ကိုကြည့်ပြီး ကင်ကအံ့သြပုံရပေမယ့် ဘာမေးခွန်းမှထုတ်မလာခဲ့ပါဘူး။
" အားနဲ့နယ်လေလီဆာရဲ့ နည်းနည်းအားပိုထည့် အရောင်လှလှလေးဖြစ်အောင်လို့ "
" ဟုတ် "
အိပ်ယာကနိုးလာတော့ ဂင်မ်ချီလုပ်ဖို့ပြင်နေတဲ့အစ်မချယ်ယောင်းကြောင့် လီဆာပါဝင်ပြီး ဂင်မ်ချီလုပ်နည်း သင်ခိုင်းနေခြင်းဖြစ်သည်။
" မမကအိပ်ပျော်နေတုန်းပဲလား လီဆာ "
" ဟုတ် ညကလီလီနဲ့စကားပြောရင်း အိပ်ယာဝင်နောက်ကျသွားတာ .. ကင်က ပင်ပန်းနေလို့ထင်တယ် အခုထိမနိုးသေးဘူး "
အစ်မချယ်ယောင်းကခေါင်းငြိမ့်ပြပြီး ဂင်မ်ချီလုပ်ရာမှာ ပြန်အာရုံစိုက်သည်။ လီဆာကတော့ တစ်ညလုံးနီးပါးအိပ်မပျော်ခဲ့တာတွေးပြီး အစ်မချယ်ယောင်းမမြင်အောင်ပြုံးလိုက်၏။
ညကကင်နဲ့အတူအိပ်ယာထဲလှဲပြီးကတည်းက လီဆာ့ခြေဖျားလက်ဖျားတွေ အေးစက်လာတာလေ။ တစ်ဖက်လှည့်ပြီး မလှုပ်မယှက်တောင့်တောင့်ကြီးဖြစ်နေတဲ့လီဆာ့နောက်ကျောဆီ အိပ်ပျော်နေတဲ့ ကင့်ရဲ့ပါးကထိကပ်လာတဲ့အချိန်မှာတော့ လီဆာ ဘယ်လိုမှအိပ်ပျော်ဖို့မဖြစ်နိုင်ခဲ့ဘူး။ အဲ့ဒီအနေအထားကနေ ကင်တစ်ဖက်လှည့်သွားမှာစိုးရိမ်လို့ လှုပ်တောင်မလှုပ်ရဲခဲ့။
ကင်ကတစ်ညလုံး လီဆာ့ကျောပြင်မှာပါးအပ်ရင်း အိပ်စက်ခဲ့တာပါ။ လီဆာကလည်း တစ်ဖက်လှည့်ရက်သားပုံစံအတိုင်းပဲ ကင့်ရဲ့အသက်ရှူသံနားထောင်ရင်း၊ နံပါတ်တွေရေတွက်ရင်း မိုးလင်းခဲ့တာ။ ခန္ဓာကိုယ်ရဲ့ညာဘက်တစ်ခြမ်းလုံးအောင့်နေပေမယ့် လီဆာတော့ပျော်နေတာပဲ။
" အာ မုန်လာဥခြင်းကို အပြင်ထုတ်ထားမိတာ "
" လီလီသွားယူလိုက်မယ် "
YOU ARE READING
Daisy ; Blooms in 1960
FanfictionA sunflower said she found love where she saw the brave daisy.