"ကျွန်တော်ညှိုးလို့ခေါ်လို့ရမလား"
တိတ်ဆိတ်စွာ မိမိကိုခေါင်းလျှော်ပေးနေသူအား အားတင်းစွာ စကားကို အစပျိုးလိုက်သည်
"လွယ်ကူမယ်ဆိုရင်တော့ ခေါ်ပါလေ"
"ကျွန်တော်ညှိုးနဲ့ ခင်ခွင့်ရှိမလား"
"တို့များကတော့ တို့ကိုယ်တို့ ခင်မင်စရာကောင်းတယ်လို့ မထင်မိဘူးကွယ်"
ညှိုးက ညင်ညင်သာသာငြင်းသည့် နေရာတွင် တစ်ဖက်ကမ်းခတ်တော် လှသည်"
"ဒါကတော့ ညှိုး ဆုံးဖြတ်ရမှာ မဟုတ်ပါဘဲ ကိုယ်ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်မယ် ထင်တယ် လူတစ်ယောက်အကြောင်း သိချင်ပေါင်းကြည့်ဆိုတဲ့ စကားလဲရှိတယ်မလား"
"ကျွန်တော်"ဆိုသည့် အသုံးအနှုန်းမှ ရုတ်ချည်း "ကိုယ်"ဟု သုံးနှုန်းလိုက်ခြင်းက ညှိုးကို စိတ်လီုပ်ရှား စေမိသည်က မငြင်းဆိုနိုင်
ထိုစကားဆိုအပြီး ညှိုးပါးမို့လေးများ ရဲတက်သွားသည်က ချက်ချင်းလက်ငင်း ဆန်လှသည် သူလေးရှက်သွားလေရော့သလား
ရှက်ပြုံးကလေးဖြင့်ပြန်လည်တုန့်ပြန်ကာ
"ခင်ချင်သပဆိုလဲ အသားပဲ့မပါသွားတာမို့ သဘောပါ"
"ကိုယ့်နာမည်က ကြွယ်ဝထက်သာပါ မှတ်ထားပေးရင် ကောင်းမှာပဲ"
"တို့အပေါ်ရဲတင်းလွန်းတာလဲ ကိုကြွယ်ဝပဲရှိတာမို့ မမှတ်ထားလဲ မှတ်မိနေလောက်မှာပါ"
"နာမည်ကခေါ်ရရှည်နေရင် 'မောင်'လို့ တစ်လုံးထဲ ခေါ်ပါ့လား"
"ပြီးပါပြီ"
ခေါင်းလျှော်ပြီးသည်မို့ စကားဆိုရင်း ကျွန်တော်လှဲနေသည့် ဘေးနားတွင်ရပ်၍ လက်အားပုဝါဖြင့်သုတ်နေသော အနှီလူသားလေးကို ကျွိတော်လှဲနေရာမှ ထထိုင်သည့် အချိန်အတောအတွင်း ရှက်ပြုံးလေးလှစ်ခနဲမြင်လိုက်ရပါသေး၏။
"ပစားပေးမိတာ ရောင့်တက်ရန်ကော"
"မဟုတ်ရပါ ညှိုးရယ် မဝံ့မရဲလှမ်းလာ ခဲ့ရခြင်းတွေပါ"
ESTÁS LEYENDO
"ညှိုး"(BL) Complete
Historia Corta"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...