'သတိထား မ'
ခြေချော်မလိုဖြစ်သွားသည့် မ, လက်ကို
စင်လှမ်းဆွဲလိုက်သည်။ အကြည့်ချင်းဆုံသွားတော့
အပြန်အလှန်ကြည့်မိပြီး ပြုံးရသေးသည်။'ရော့'
စင့် လက်ကို မ,ကနားမလည်သလို ကြည့်နေသည်မို့
စင်မျက်မှောင်ကြုတ်လိုက်တော့မှ ရယ်ပြီး
စင့်လက်ကို လာကိုင်သည်။'မနက်ဖြန်ဘာလုပ်ကြမလဲ ... ကျောင်းလည်းပိတ်တယ်'
'စင့် သဘော'
◾️◾️◾️
ပျော်နေသည့်နှစ်ယောက်ကိုကြည့်ပြီး နေ
စတီယာရင်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
လီဗာတဆုံးနင်းပြီးဝင်တိုက်ပစ်ရန် စဉ်းစားလိုက်ပြီးမှ
ပြန်တွေးမိသည့်အတွေးကြောင့် ကားစက်ကို
ရပ်လိုက်သည်။ နေဖုန်းထုတ်ပြီး နံပါတ် 1ကို
နှိပ်လိုက်သည်။ သွင်ဆိုသည့် Contactကိုကြည့်ပြီး
ခပ်လှောင်လှောင်ပြုံးမိသည်။'နံပါတ်တစ်ဖြစ်ခဲ့လည်း အလကားပဲ'
'တီ ... တီ'
'ဟဲလို'
သတ်မှတ်ချိန်ပြည့်ခါနီးမှ သွင်ဖုန်းကိုင်သည်။
'ကွာရှင်းပေးမယ် ... အိမ်ကိုလာခဲ့
နင်တစ်ယောက်တည်းလာ''ကျေးဇူးပဲ နေ'
ကျေးဇူးပဲဆိုသည့်စကားကြောင့် လက်သီးကို
ခပ်တင်းတင်းဆုပ်ထားမိသည်။ ငါ့ကိုလွယ်လွယ်
လက်လျှော့မယ်ထင်ရင် နင်မှားသွားမယ် သွင် ...။◾️◾️◾️
'ဘာတဲ့လဲ မ'
'ကွာရှင်းပေးမယ် ... အိမ်ကိုလာခဲ့တဲ့
မ,တစ်ယောက်တည်း''အဆင်ပြေပါ့မလား မ ... စင်တော့ စိတ်မချဘူး
စင်လည်းလိုက်ခဲ့မယ်''စင့်ကိုမြင်ရင်ပြဿနာရှာချင်ရှာနေမှာ ... မ,လည်း
တရားစွဲပြီးမှကွာရတဲ့အထိမဖြစ်ချင်ဘူး
စိတ်ချနော်စင် ... မ,ဘာမှမဖြစ်ပဲပြန်လာခဲ့မယ်'စင့်လက်ကိုကိုင်ပြီး လင်းလက်ပြောလိုက်သည်။
အပြီးတိုင်အဆုံးသတ်ဖို့ ဒီလောက်တော့
သည်းခံသင့်သည်မလား ...။ တရားစွဲခံရပြီးမှ
ကွာရှင်းတာထက်စာရင် အေးဆေးဆေးဆေး
ကွာရှင်းလိုက်တာက နှစ်ဖက်လုံးအတွက်
အကောင်းဆုံးနည်းလမ်းဆိုတာ သေချာ
တွက်ချက်တတ်တဲ့နေ အသိဆုံးဖြစ်မှာပါ ...။