(2)
[Unicode]
"ဦး....ဦးငယ်ကို...လေ"
"------"
သူ့စကားကိုအံ့ဩသည်လည်းမဟုတ်၊ တုံ့ပြန်သည်လည်းမဟုတ်ဘဲ ကြောင်အအဖြင့်သူ့အား ရပ်ကြည့်နေဆဲဖြစ်သောဦးငယ်၏အနားသို့ပို၍နီးကပ်အောင်သူတိုးသွားလိုက်သည်။ စင်တီမီတာအနည်းငယ်လောက်သာကွာခြားသည့်အကွာအဝေးတွင် ဦးငယ်၏ပုခုံးတစ်ဖက်ကိုလက်ဖြင့်ကိုင်တွယ်အမှီပြုလျက် ခြေဖျားလေးထောက်ကာ ချောမွတ်သောပါးပြင်ထက်အနူးညံ့ဆုံးသောအနမ်းတစ်ပွင့်ကိုသူပေးအပ်မိသည်။
ထို့နောက်ဦးငယ်၏နားရွက်လေးနားသို့တိုးကပ်ကာပြောမိသည်က....
"ဟိဟိ...ချစ်တယ်ဗျ"
"ဘယ်လို?"
"ချစ်-တယ်-လို့!!"
ရှက်စရာကောင်းလိုက်လေခြင်း...ဒီလောက်တောင်မှသူ့ဘက်ကဖွင့်ပြောတယ်၊ သူ့ဘက်ကပဲစတင်ပြီးအဆင့်တိုးတာကိုတောင် ထိုလူကြီးဘက်ကတော့ဘယ်လိုမှမနေသည့်ပုံ....အနည်းငယ်လေးမျှတောင်တုန်လှုပ်သွားခြင်းမရှိ။
"ကူး!! ဦးငယ်ကိုစောင့်ဦးလေ ဟိတ်! မပြေးနဲ့ချော်လဲမယ်ကွ"
နားရွက်နီနီရဲရဲလေးတွေကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ရင်းပြေးထွက်သွားသောကောင်လေးကြောင့် မညီညာသည့်လမ်းမထက်ချော်လဲမည်ကိုစိတ်ပူရပြန်သည်။ ဖြူနုနုအသားအရေမို့ထိခိုက်မိလျှင်အလွယ်တကူပွန်းပဲ့လွယ်နိုင်သည်လေ။
.................
"ဒီနေ့တစ်နေ့လုံး ဦးငယ်ကကူးလေးရဲ့အပိုင်ပဲ"
"ဗျာ!"
စတော်ဘယ်ရီကိတ်လေးအားနည်းနည်းချင်းစီဖဲ့စားနေသည့်ကလေးက သူ့စကားကြောင့်စားနေရင်းမှ ငေးကြည့်လာသည့်ပုံမှာတကယ့်ကိုအူကြောင်ကြားရုပ်လေး.....။
"ဘာ...ဘာကြည့်တာလဲ ကူး စားတာပေနေလို့လား"
ကြောင်တောင်တောင်ဖြစ်နေသည့်ကောင်လေးကိုသဘောကျစွာကြည့်နေမိတော့ မျက်နှာလေးကနီရဲတက်လာသည်မှာ အေးလွန်းသည့်ရာသီဥတုကြောင့်လား ထိုကလေးကပဲအရှက်သည်းလွန်းနေသည်ကြောင့်လားပင်မသဲကွဲ။
DU LIEST GERADE
[Collection Of TAEKOOK Short Stories]
Kurzgeschichten[Collection of Taekook short stories♡]