Chapter - 90

3.6K 608 14
                                    

Unicode

လက်ဖက်စိမ်းပန်ဒါဘီစကစ်
____________________

လင်ရှုယီတွေးခဲ့တဲ့အတိုင်း သူတို့အပြန်မှာ ကားနောက်ခန်းက ပစ္စည်းတွေနဲ့ပြည့်သွားသည်။

အပြန်လမ်းမှာ ရှောင်ယွီက အများကြီးပိုတက်ကြွနေသည်။ လင်ရှုယီရဲ့စကားတွေကြောင့်ပဲလား၊ ကိတ်သုံးခုကြောင့်လားဆိုတာတော့ သူတို့မသေချာပေ။ သူက နောက်ခန်းရဲ့မှန်ပြတင်းပေါက်နားကပ်ကာ အပြင်ကို စိတ်ဝင်တစားကြည့်နေသည်။ စိတ်ဝင်စားစရာတစ်ခုခုမြင်တိုင်း သူက လင်ရှုယီကိုပြောတတ်သည်။ ထို့နောက် အဖိုးအိုတစ်ယောက် အသီးဆိုင်ခင်းထားတဲ့နားကနေဖြတ်သွားတဲ့အခါ လင်ရှုယီက အသီးနည်းနည်းဝယ်ဖို့ကားရပ်ခိုင်းသည်။

ဆောင်းရာသီမှာသီးတဲ့အသီးသိပ်မများပေမယ့် ဒီနှစ်အချိန်မှာ လူကြိုက်အများဆုံးအသီးက မန်ဒရင်းလိမ္မော်သီးပင်။ မန်ဒရင်းလိမ္မော်သီးက ငယ်ကာချိုပြီး အခွံပါးပါးလေးနဲ့အရည်ရွှမ်းကာ အစေ့မပါပေ။

လင်ရှုယီဆင်းသွားတာကိုမြင်တဲ့အခါ ရှောင်ယွီလည်းလိုက်ဆင်းသည်။ ခပ်ချောချောကောင်ပေါက်စလေးကိုမြင်တဲ့အခါ အဖိုးအိုကပြုံးသည်။ သူက သူတို့နှစ်ယောက်က တစ်ခုခုဝယ်ဖို့လုပ်နေလားဆိုတာတောင်ဂရုမစိုက်ဘဲ ရှောင်ယွီ့ကို မန်ဒရင်းလိမ္မော်သီးနှစ်လုံးကမ်းပေးသည်။

"နည်းနည်းစားကြည့် ကလေး။ ဒီလိမ္မော်သီးတွေက တကယ်ချိုတယ်။"

ရှောင်ယွီကပြုံးကာ ယဉ်ယဉ်ကျေးကျေးခေါင်းငြိမ့်သည်။

"ကျေးဇူးတင်ပါတယ်အဖိုး၊ ဒါပေမယ့် ပိုက်ဆံမပေးရ‌သေးလို့ ကျွန်တော် ယူလို့မရပါဘူး။"

ထို့နောက် သူက လင်ရှုယီကိုမော့ကြည့်လိုက်ပြီး လင်ရှုယီရဲ့သဘောတူတဲ့အကြည့်ကိုမြင်တဲ့အခါ အပြုံးကြီးကြီးပြုံးသည်။

"ကျွန်တော်တို့ ကီလိုနည်းနည်းလောက်ရနိုင်မလားခင်ဗျာ။"

အဖိုးအိုက ရှောင်ယွီ့ဆံပင်တွေကိုဖွလိုက်ပြီး ရှောင်ယွီက သူ့ကို အဲ့လိုလုပ်ခွင့်ပြုထားတာမို့ အဖိုးအိုက ပိုလို့ပင်ပြုံးလာသည်။

I'm a Chef in the Modern Era [Myanmar Translation]Donde viven las historias. Descúbrelo ahora