🌸When The Sakura Falling🌸

62 3 2
                                    

First Day

"အဟွတ်…အဟွတ်”

"ရာသီဥတုကအေးလာပြီသခင်လေး…ပြန်ရအောင်
…တော်ကြာနေမကောင်းထပ်ဖြစ်ရင်…သခင်မကြီးပဲ
စိတ်မကောင်းဖြစ်ရမှာ…”

"ခနလေးနေပါဦး…ဦးလေးကြီးရယ်…ကျတော်အခုအကောင်းရှိပါသေးတယ်…ချောင်းလေးဆိုး
ယုံလောက်နဲ့တော့ဘာမှမဖြစ်ပါဘူး"

အိမ်တော်ထိန်းကြီး သူ့အရှေ့ကသခင်လေးဖြစ်သူ…အွန်း…ပြောရမယ်ဆို…သူ့တူရင်းနဲ့မခြား…ခင်တွယ်
လာရတဲ့ကလေးကိုကြည့်ပြီ…သူစိတ်မကောင်း
ဖြစ်မိတယ်…သခင်လေးကချမ်းသာတဲ့မိဘကကြီး
ပြင်းလာ…ချစ်မြတ်နိုးချင်ခံရပင်မဲ့…သခင်လေးကမွေးကတည်းကနှလုံးမကောင်းခဲ့ဘူး…

နှလုံးကုသမူတွေအကြိမ်ကြိမ်လုပ်ခဲ့ရတယ်…
ဒီတစ်ကြိမ်မှာတော့doctor ကအောင်မြင်
ကို50%ပဲအာမခံတယ်လို့…သခင်မကြီးနဲ့doctor ဆွေးနွေးနေတဲ့အချိန်ပြောခဲ့တယ်…ကံဆိုးချင်တော့သခင်လေးကကြားသွားခဲ့တယ်…သခင်မကြီးလည်းသခင်လေးစိတ်နဲ့အိပ်ရာလဲနေတော့တာပဲ…

သခင်လေးကမကြည့်ရပ်ဖြစ်ပြီး…သခင်မကြီးစိတ်
ချမ်းသာအောင်အဲအချိန်ကစပြီးသခင်လေးက
သူ့ကိုယ်သူလူကောင်းတစ်ယောက်လိုပြုနေထိုင်ခဲ့
တယ်…ဒါပင်မဲ့အခုတစ်လောသခင်လေးရဲ့
ကျန်းမာရေးကသိသိသာသာကျဆင်းနေတယ်…
သခင်လေးကိုဆေးရုံသွားပြီဆေးကုသမူခံယူဖို့ပြော
ပင်မဲ့…

"ဦးလေးကြီးရယ်…ကျတော်အကောင်းကြီးရှိပါသေးတယ်လို့ပဲ"ခက်ပေါ့ပေါ့ပြန်ဖြေတယ်…သခင်လေးရဲ့
ခံစားနေရတဲ့ဝေဒနာကို…ဦးလေးကြီးခံစားလို့ရရင်
ယူပြီးခံစားပေးချင်ပါတယ်…

"သ…သခင်လေး"

"ဦးလေးကြီး…အပေါ်ကိုကြည့်လိုက်ပါလာ…Sakuraပန်းတွေပွင့်လာပြီး…ဦးလေးသိလား…
ကျတော်လေ...ငယ်ငယ်လေးထဲကတစ်ခါမှsakuraပန်းပွင့်တွေပွင့်တဲ့အချိန်ရော
ကြွေမဲ့အချိန်ရောကိုစောင့်ကြည့်နေခဲ့ချင်တာ
…အခုတော့ဦးလေးကြီးကျေးဇူးနဲ့ ကျတော်
sakuraပန်းတွေပွင့်တာကိုမြင်ခဲ့ရပြီ…ဒီလိုမျိုးပဲsakuraပန်းတွေကြွေမဲ့အချိန်ကိုကြည့်နိုင်ရင်
သိပ်ကောင်းမှာပဲ…"

🌸When The Sakura Falling 🌸Where stories live. Discover now