Unicode
"Tom Riddle!"
အလန့်တကြားအော်လိုက်တဲ့ ဟယ်ရီကိုကြည့်ကာ တွန်မျက်မှောင်ကြုံ့မိ၏။
ဒီကောင်လေးကို သူသိပ်သဘောမကျပါ။
အစတည်းက ဦးလေးဂျိန်းစ်ကြောင့်သာ ဂိုဏ်းထဲကို ထည့်ပေးခဲ့တာ ဖြစ်သည်။အမြဲတမ်း ဂျစ်ကန်ကန်နဲ့။
စီနီယာဖြစ်တဲ့ သူစကားကိုတောင် ဂရုစိုက်တာမဟုတ်ဘူး...။
သို့ပေမဲ့ ဒီကောင်လေး သူစိတ်ဝင်စားမိတာတော့ အမှန်ပင်။"ဘာလို့ အော်နေတာလဲ ဟယ်ရီ.."
ဟယ်ရီ ဘာပြန်ဖြေရမလဲ မသိ။
တွန်ရစ်ဒယ်က မှော်လောကမှာ ကြောက်စရာအကောင်းဆုံး လူတစ်ယောက်လေ...။
သူ့ရဲ့နဖူးက အမာရွတ်ကိုတောင် ထိုသူကပေးခဲ့တာ မဟုတ်ပါလား...။ဒရေကိုက ဟယ်ရီရဲ့ အရှေ့မှာ ကာရပ်လိုက်ပြီး..
"ပေါ်တာ မင်းနေမကောင်းလို့လား.."
"မဟုတ်ပါဘူး..ငါနေကောင်းပါတယ်.."
"ဒါဆို ဘာလို့ မင်းမျက်နာက ဖြူဖျော့နေရတာလဲ.."
တွန် သူတို့နှစ်ယောက်ကို ကြည့်နေရတာ သူ့အနေနဲ့ အဆင်မပြေပေ။
ဟယ်ရီ ဒရေကိုနဲ့ အတူတူရှိနေရင်ကို သူ့စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေမိတာ တော်တော်ကြာခဲ့ပြီ။"အဟမ်း! မင်းတို့နှစ်ယောက် ပြောလို့ပြီးပြီလား.."
"ပြောလို့ပြီးရင် ဒရေကို ဒီကိုလာအုံး မင်းကိုပြောစရာရှိတယ်..ဟယ်ရီက နေမကောင်းရင်ပြန်တော့.."
"ပေါ်တာ မင်းငါ့ကို အပြင်မှာစောင့်နေနော်..ငါခနနေရင် ထွက်လာခဲ့မယ်.."
ဟယ်ရီ ဒရေကိုပြောသလိုပဲ အပြင်သို့ထွက်လာခဲ့၏။
သူဒီကအခြေအနေတွေကို နားလည်နိုင်ဖို့အတွက် အချိန်ယူရအုံးမည်။သူ အိမ်ကြီးကို လျှောက်ပြီးကြည့်နေမိသည်။
တစ်အိမ်လုံးကို အနက်ရောင်တွေသာ သုံးထားသည်က တစ်ကယ်ကို ကျောချမ်းစရာ အတိ။"Dark lord ပီသပါပေတယ်.."
"Dark lord က ဘယ်သူလဲ ? "
ဟယ်ရီ သူ့နောက်က ခပ်တိုးတိုးထွက်ပေါ်လာတဲ့ စကားသံကြောင့် သူလန့်သွား၏။
YOU ARE READING
BFF OR NOT (Drarry ❤)
Fanfictionဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤