!!Unicode!!

5.2K 315 359
                                    

I'm Daddy!!😾

မိုးရိပ်ဆင်နေသော ကောင်းကင်ကိုဂျောင်ကု တစ်ချက်မော့ကြည့်လိုက်သည်။
မည်းမှောင်နေသော ပတ်ဝန်းကျင်က တလ်ိပ်လိပ်ဆင်လာသော မိုးသားတို့ကြောင့်သာဖြစ်၏။
မိုးပေါက်တို့ကလည်း မကြာမီတဖြောက်ဖြောက်နှင့်ကြွေဆင်းရန် အသင့်ပြင်နေကြဟန်...။
လုပ်ပေဦးပေါ့...အခွင့်မသာတော့လည်းဘာမှမတတ်နိုင်ဘူးလေ...။
ကောင်လေးနဲ့ရည်းစားဖြစ်မှပဲ မိုးရေထဲလက်တွဲပြီး ပတ်ပြေးပြမယ်...အဟိ...။

လေကတဖြူးဖြူးဖြင့်အတော်ကလေးစိမ့်လာ၏။
ရှပ်လက်ရှည်တစ်ထည်သာဝတ်ထားသည်မို့ လေတစ်ချက်ဝှေ့တိုင်း တုန်တုန်တက်ရသည်။
စာကြည့်တိုက်အပြင်အဝ၌ရပ်နေသည်ဖြစ်၍ မိုးတော့သိပ်မစိုနိုင်ပေမဲ့...အသည်းအသန်ရွာပြီး မိုးပက်လာလျှင် သူကြွက်စုတ်ဖြစ်သွားနိုင်သည်။
ဒါလည်းသူမမူနိုင်သေး...။
စာကြည့်တိုက်အတွင်းသို့ သူခိုးလိုလိုဂျပိုးလိိုလို ချောင်းကြည့်မိသည်။

ကောင်တာ၌ ဘောပင်ကလေးကိုင်ကာ တတောက်တောက်ဖြင့် ဘာတွေရေးနေမှန်းသိသော ကောင်လေးအားတစ်ချက်ရှိုးလိုက်သည်။
ဆံနွယ်ရွှေဝါရောင်ကောက်ကောက်များဖြင့် နိုင်ငံခြားသားဟန် နှစ်လိုဖွယ်ကောင်လေးသည် နို့နှစ်ရောင်အသားလေးဖြင့် ငေးမောဖွယ်အတိ...။
စာအုပ်လာအပ်သူ၊ ထုတ်သူများကို တစ်ချက်တစ်ချက်ပြုံးပြတိုင်း သူ့နှလုံးသားတစ်စုံက ကဆုန်ပေါက်ပါတော့သည်။
မျက်တောင်တစ်ချက်ခတ်သွားတာကပင် သူ့အဖို့အသက်ရှူမှားနိုင်ပါ၏။
ယောကျ်ားဆန်လွန်းသော ထိုကောင်လေးအား ငေးရတိုင်း ပူတက်လာသော သူ့ပါးပြင်နှစ်ဖက်က ဘာကြောင့်များပါလိမ့်...။

အချိန်အားဖြင့် ညနေလေးနာရီကိုအတော်လေးစွန်းလာပြီဖြစ်သလို သူရပ်စောင့်နေသည်မှာလည်း တစ်နာရီနီးပါးခန့်ရှိရော့မည်...။
တပေါက်ပေါက်ဖြင့်စတင်ကျဆင်းလာသော မိုးစက်တို့အားကြည့်ရင်း အကြီးအကျယ်အော်ငိုချင်စိတ်ပင်ဖြစ်လာရသည်။
ဒရိုင်ဘာမခေါ်ခဲ့လေခြင်းဟု နောင်တရရင်း ကိုယ့်ကိုကိုယ်ကျိန်ဆဲမိတော့သည်။
ရပါတယ်လေ...ကောင်လေးရှိလို့ သူဒါတွေမတွက်တော့ပါဘူး...ကောင်လေးမျက်နှာတစ်ကမ္ဘာပဲ...။
ကောင်လေးကို သူ့အောက်မှာသာဖိလိုက်ရရင်တော့...

I'm Daddy!!Ꙭ⚠{one short}Where stories live. Discover now