Part-8

625 66 7
                                    

ဧ​ကေး တ​ယောက် ဇာမဏီ​မောင်နှင့် ရုံးတွင်​နောက်ဆုံးတ​ခေါက် ပြဿနာဖြစ်ပြီး​နောက်ပိုင်းထဲက ​တော်ရုံ စကားသိပ်မ​ပြောဖြစ်ကြ​တော့​ပေ။

​ဇာမဏီ​မောင်လဲ ဧ​ကေးကို အ​ရေးတယူလုပ်၍ စကားမ​ပြောဖြစ်ပါ။ မ​ပြောချင်​တော့တာဆို ပိုမှန်တယ်။

ဘာလို့ဆို .....

"ကို....ဘာ​တွေလုပ်​နေတာလဲကွာ.... ပိုးကို ကြည့်ပါဦးဆို​နေ"

Body fit dressအနက်​ရောင်​လေးကို ဝတ်ကာ ​ခုံ​​ရှေ့ ​လက်​ထောက်ပြီး ကျွန်​တော်အား ​ငေးကြည့်​နေတဲ့ ပိုးရဲ့ အလှတရားက ဘယ်အရာနဲ့မှကို မလဲနိုင်ပါဘူး။

ဒါနဲ့ ပိုး မျက်ခွံ​ပေါ်က ဘာကြီးလဲမသိဘူး။

ကျွန်​တော်သိချင်စိတ်ဖြင့် ပိုး မျက်ခွံ​ပေါ်က အ​​မွှေးရှည်ရှည် မဲမဲကြီးနဲ့အရာကို ​ဆောင့်ဆွဲပလိုက်သည်။

"အားးး"

ပိုး ၏ ​အော်သံ​ကြောင့် ဇာမဏီလန့်သွားတာ အမှန်ပင်။

"ကို ဘယ်လိုလုပ်လိုက်တာလဲ"

"ဟင် ဘာကိုလဲ ပိုး"

"ပိုး ရဲ့ မျက်​တောင်တုကို ဘာလို့ လာဆွဲနှုတ်တာလဲလို့"

"ဟမ် ဘာကြီး??? မျက်​တောင်အတု???"

ဇာမဏီ​မောင် တခဏတာ ​တွေ​ဝေသွားသည်။

ဒါဆို ဟိုလူက​ကော တချိန်လုံးမျက်​တောင်တုကြီးတပ်ထားတာလား??? တခါ​လောက်ဆွဲနှုတ်ကြည့်ရဦးမယ် ဟု ​တွေး​နေစဥ်

"ကို ဘာ​တွေစဥ်းစား​​နေတာလဲ.... ကို လုပ်တာ ပိုး နာသွားပြီကွာ"

"ဟို...ဟို  sorryပါ ပိုးရယ်.... ကိုလဲ မသိလိုက်လို့ပါ... ကို့ စိတ်ထဲ အ​မွှေးမဲမဲ ရှည်ရှည်ကြီးနဲ့ ဆို​တော့ အ​ကောင်ကြီး ကပ်​နေတယ်ထင်ပြီး စိတ်ပူလို့ ခွာလိုက်မိတာပါကွာ"

"ကိုကလဲ လုပ်လိုက်ရင် တအားပဲ နာလိုက်တာဆိုတာ.... ဟွန့်"

"ကို ​တောင်းပန်ပါတယ်​နော်....​နောက်ခါ ​ဖြေး​​ဖြေး​လေးလုပ်ပါ့မယ်​နော်။"

"​နောက်ခါ​ဖြေး​ဖြေးလဲ လာမလုပ်နဲ့ သွား ...စိတ်ဆိုးတယ်.... ပိုး နာသွားပြီ"

H.O.P.EWhere stories live. Discover now