8.1K 1K 6
(Unicode)
ဤပြဿနာအားလုံးကို ဖြေရှင်းပြီးနောက် ခဲ့ရွမ်သည် အလွန်လန်းဆန်းသွားခဲ့သည်။ ယခု အမတ်ချုပ် အဖမ်းခံရပြီး ချီမိသားစု၏ ကိစ္စလည်း ပြေလည်သွား သောအခါ ခဲ့ရွမ်သည် သူ၏လေးလံသော အိမ်စာများမှလွဲ၍ များစွာဝမ်းမြောက်မိပါသည်။
ချီချန်သည် ယခု လင်ချင်းယဲ့နှင့် အလုပ်တွဲလုပ်နေပြီ
ဖြစ်သောကြောင့် ခဲ့ရွမ်သည် သူ့ကို တစ်ချိန်လုံး ရင်ဆိုင်ရန် မလိုအပ်ပေ။ သူတစ်ခါတစ်လေ ပေါ်လာခဲ့ရင်တောင် လင်ချင်းယဲ့လည်း သူနှင့်အတူ ရှိနေမှာ သေချာပါသည်။
သိပ်ကောင်းတယ်။
ခဲ့ရွမ်သည် နေပူစာလှုံရင်း သစ်သီးစားနေသည်။ အနီးနားတွင် ဇာတ်လိုက်က လေ့ကျင့်ရေးလုပ်နေ၏။
ချီချန်သည် လင်ချင်းယဲ့အနားတွင် ရပ်နေသည်။ ခဲ့ရွမ်သည် အဝေးမှကြည့်နေရင်း ၎င်းတို့နှစ်ဦးစလုံး အပေါ်မှ နေရောင်တောက်ပလာသောအခါ သူသည် ပြင်းထန်သော နွေးထွေးမှုကို ခံစားခဲ့ရသည်။
သူက ခေါင်းကို ခါယမ်းပြီး ပွတ်သပ်လိုက်သည်။
'ငါဘာတွေတွေးနေတာလဲ?'
လင်ချင်းယဲ့နားမှာ ရပ်နေတဲ့ ချီချန်က စစ်ယွိဟန်ကို စူးစူးရဲရဲ မျက်လုံးတွေနဲ့ ကြည့်နေသည်။
လင်ချင်းယဲ့က ချီချန်ကို လှည့်ကြည့်လိုက်ပြီး မေး၏။
"လိန်ကျန်းက သူ့ကို ထိခိုက်အောင်လုပ်သေးလား"
ချီချန်သည် သူ၏စိတ်ကို စုစည်းပြီး လင်ချင်းယဲ့ကို ပြန်ကြည့်လိုက်သည်။ လင်ချင်းယဲ့သည် သူနှင့် စကားပြောနေသော်လည်း သူသည် အမှန်တကယ်ပင် မလှမ်းမကမ်းရှိ ခဲ့ရွမ်အား ကြည့်နေခြင်းဖြစ်သည်။
ချီချန်သည် လက်နှစ်ဘက်စလုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားတာကြောင့် သူ့လက်ဆစ်တွေ ဖြူဖျော့လာသည်။
"စိတ်မပူပါနဲ့ အစ်ကိုချင်းယဲ့.. အဆင်ပြေပါတယ်"
ခဲ့ရွမ်လို လူတစ်ယောက်က ဘာဖြစ်နိုင်မှာမလို့လဲ? လိန်ကျန်းရဲ့လူတွေ သူ့ကို ချုံခိုတိုက်ခိုက်တုန်းကတောင် သူက အိပ်မက်မက်ကောင်းတုန်း ရှိသေးတယ်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now