(Uni)
"Jungkook ahhh Jungkook ahhhh"
ဧည့်ခန်းမှာ TV ထိုင်ကြည့်နေတုန်း နောက်ကနေ ကြားနေရတဲ့ အသံ စာစာလေး
ချက်ချင်းပင် ကျွန်တော့်ရှေ့ကို ရောက်လာလေသည်
"Jungkook ahh"
ကျွန်တော့်မျက်လုံးကို သေချာစိုက်ကြည့်ပြီးတော့ကို
နူးနူးညံ့ညံ့လေး ခေါ်နေတာကျွန်တော့်မျက်လုံးကို ကြည့်နေတဲ့ အရည်လဲ့နေတဲ့ အဲမျက်ဝန်းလေးတွေကြောင့် ကျွန်တော်တော့ ရူးရချည်ရဲ့
"Jungkook ahh Hyung ခေါ်နေတယ်လေ"
"အော် အော Hyung"
"စိတ်ကဘယ်ရောက်နေတာလဲ Hyung ခေါ်နေတာကိုတောင် မကြားရအောင်"
နှုတ်ခမ်းလေးဆူပြီး စိတ်ကောက်သွားတဲ့ ကျွန်တော့်ကောင်လေး ချော့ရပေအုံးမည်ပေါ့
"ဘယ်မှ မရောက်ပါဘူး Hyung ရဲ့
Hyung ရဲ့ မျက်ဝန်းလေးတွေက ကျွန်တော့်ကို အသိစိတ်မဲ့အောင် ဖမ်းစားနေတော့ ကျွန်တော့် အသိတွေ လွတ်သွားလို့ပါဗျာ""Jungkook မင်းနော်"
သူမေးလို့လည်း ဖြေရသေးတယ် ပါးတွေရဲပြီး ရှက်သွားလိုက်တာများ
"Hyung ရှက်သွားတာလား"
မေးလိုက်တော့ ချက်ချင်းပင် ရုပ်တည်သွားပြီး
"မရှက်ပါဘူး ငါက ရှက်စရာလား"
"ရှက်သွားပါတယ် ငါ့ကောင်လေး ရှက်သွားပါတယ်"
"Jungkook ah မစနဲ့တော့ Hyung က ပြောစရာရှိလို့ဟာကို"
"ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော် မစတော့ဘူးနော်"
"ဟွန်း"
"Hyung က ဘာပြောစရာရှိနေတာလဲ"
"Hyung ဒီနေရာကို သွားချင်တယ်"
လက်ထဲကနေ ဖုန်းလေးကို ကျွန်တော့်ဘက် လှည့်ပြတော့
သူ့ Birthday Project လုပ်ထားတဲ့နေရာ"အာ မသွားရပါဘူး"
"ဘာလို့လဲ Jungkook ရဲ့ ငါသွားချင်တဲ့ဟာကို"
"အဲမှာ လူဘယ်လောက်တောင် များမလဲသိလား
အကယ်၍ Hyung သွားလိုက်ရင် လူတွေအများကြီး အုံကျလာမယ်ဆိုတာရော သိလား"