Zawgyi**
တစ်ထပ်တိုက်ပုလေး၏ ဆင်ဝင်အောက်၌ အနက်ရောင်ကားနှစ်စင်းက ကွန်ကရစ်လမ်းလေးအတိုင်း ခြံတံခါးဘက်အား မျက်နှာမူလျက် ရှေ့ဆင့်နောက်ဆင့် ရပ်ထားကြ၏။ ထိုကားနှစ်စီး၏ အနောက်တွင်တော့ အောက်ခံအနက်ရောင်ပေါ်၌ အနက်ရောင်အစင်းတို့ပါသည့် အနောက်တိုင်းဝတ်စုံကို သေသပ်စွာ ဝတ်ထားသည့် ရွှေဝါရောင်ဆံနွယ်တို့နှင့် လူတစ်ယောက်အား လူသုံးယောက်က ဖက်လှဲတကင်းစကားဆိုနေကြသည်။
ဒီနေ့က Loren အီတလီသို့ ပြန်မည့်နေ့ဖြစ်တာကြောင့် လွှမ်းတို့သုံးယောက် နှုတ်ဆက်စကားဆိုနေခြင်းပင်။
" ကျွန်တော် မပြန်ခင်... ခင်ဗျားကို ကိုယ့်ခြေထောက်နှစ်ချောင်းပေါ်ရပ်နေတာမြင်ရတာ တကယ် ကောင်းတာပဲ... မဟုတ်ရင် ခင်ဗျား ဒုက္ခိတဖြစ်သွားမလားဆိုပြီး စိုးရိမ်နေရမှာ "
Loren က ကျောက်ပတ်တီးဖြေပြီးတာကြောင့် ချိုင်းထောက်မလိုဘဲ လမ်းလျှောက်နိုင်ပြီဖြစ်သည့် လွှမ်း၏ညာဘက်ခြေထောက်ကိုကြည့်ရင်း ရွှတ်နောက်နောက် စကားဆိုတော့ လွှမ်းနှာခေါင်းရှုံလိုက်မိရင်း...။
" Lorenzo... မင်း ပြန်ပဲပြန်တော့မှာကို ငါ့ကို စကားကောင်းကောင်းမပြောပေးနိုင်ဘူးလား "
သူ့စကားကို ကြားတော့ Loren ကခပ်လွင်လွင်ရယ်လိုက်တာကြောင့် လွှမ်းလည်း လိုက်ရယ်လိုက်မိသည်။
" မင်းလည်း ဂရုစိုက်ဦး... ငါနဲ့ ဆည်း wedding ကျ မင်းကို ဖိတ်လိုက်မယ် "
" wedding ပဲအရင်ဖြစ်အောင်လုပ်စမ်းပါဦးဗျာ.. မလုပ်ဖြစ်မှာတောင် စိုးရိမ်ရသေး "
ခပ်ငေါ့ငေါ့ ပြောလိုက်သည့် Loren ၏ အဓိပ္ပာယ်နှစ်ခွနှင့် စကားအောက်တွင်တော့ လွှမ်းအောင့်သက်သက်ဖြစ်သွားမိသည်။
Loren ကတော့ ရယ်လျက် လွှမ်း၏ ပုခုံးအား နှစ်ချက်ခန့်ပုတ်သွားပြီးမှ ဆည်းဘက်သို့ လှည့်လိုက်ရင်း...။
" Danny... ဂရုစိုက်နော်... ပြီးတော့ ဒီလူက Danny ကို စိတ်ဆင်းရဲအောင်လုပ်တယ်ဆို Italy ကို ချက်ချင်းပြန်လာခဲ့နော်.."
" Sorry ပဲ... အဲ့လိုနေ့မျိုး ဘယ်တော့မှ ရှိလာမှမဟုတ်လို့ "
လွှမ်းက ဆည်း၏ ပုခုံးအား လှမ်းဖက်လျက် အောင်နိုင်သူလေသံဖြင့် ပြောတော့ Loren က စိတ်လေတယ် ဟူသော အကြည့်ဖြင့် နှာခေါင်းရှုံ့လိုက်ရင်း လွှမ်း၏လက်အား ဖယ်ချလိုက်ကာ ဆည်းအား လှမ်းဖက်လိုက်သည်။ ပြီးနောက် ဆည်းပုခုံးအား ခပ်ဖွဖွပုတ်လိုက်ရင်း...။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "