🎄3

368 62 15
                                    

Unicode below

Zawgyi

ညက အိပ်ရာဝင်တာနောက်ကျပေမဲ့ ထယ်ယောင်း မနက် ၇နာရီလောက်မှာ နိုးလာသည် ။ ဒါကြောင့် မနက်စာကို ဟော်တယ်အနီးအနားက 24 Hours ဖွင့်တဲ့ ကော်ဖီဆိုင်လေးမှာပဲ စားနေရင်း ခရစ္စမတ်ကာလမှာ တကူးတက ရိုဗန်နီယာမီဆီလာတာ အလဟဿမဖြစ်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ တွေးနေမိသည် ။ တကယ်က ဘင်းနဲ့အတူ အေးအေးဆေးဆေးလည်ပတ်လို့ရအောင် သူက ခရစ္စမတ်အိဗ်မရောက်ခင် ဒီဇင်ဘာလ၂၃ရက်နေ့မှ ၂၆ရက်အထိ ဘိုကင်လုပ်ထားခဲ့တာပေမဲ့ အခုတော့ Lapland မှာ တစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေတာ​တော့ အမှန်ဖြစ်သည် ။ ဒါပေမဲ့ ထယ်ယောင်းက မနက်စာစားပြီးရင် ဟိုတယ်ပြန်ဖို့တော့ မတွေးထားပေ ။ ပိုက်ဆံအကုန်အကျအများကြီးခံထားရတဲ့ ခရီးစဉ်ကို ဒီအတိုင်းတော့ အလကားအဖြစ်မခံနိုင်တာမို့ မိမိရဲ့ To do list ထဲက နေရာတွေကို တတ်နိုင်သမျှသွားကြည့်မည်ဟု ဆုံးဖြတ်ထားသည် ။ ဒါကြောင့် သူက ကျောပိုးအိတ်ထဲ ကင်မရာကိုတောင် တစ်ခါတည်း ထည့်လာခဲ့တာဖြစ်သည် ။ တစ်ယောက်တည်းလည်း ဘာဖြစ်လဲ ! အသည်းကွဲနေတော့လည်း ဘာဖြစ်လဲ !

ပြောရရင် ဘင်းက သူ့အပေါ် အရမ်းကောင်းပေးခဲ့တာလည်းမဟုတ် ။ သေချာပြန်တွေးကြည့်ရင် သူလည်း ဘင်းရဲ့တစ်ချို့အကျင့်တွေကို စိတ်ပျက်နေခဲ့တာ ကြာပါပြီလေ ။ သူက ချစ်လို့သာ သည်းခံပေးခဲ့တာ ။ ဘင်းက သူ့အပေါ် သစ္စာဖောက်သွားတော့မှသာ သူမရဲ့မကောင်းတဲ့အချက်တွေကို သူ​သေချာပြန်တွေးမိလာသည် ။ ဘင်းက အပေါင်းအသင်းများသည် ။ အပျော်အပါးလည်းမက်သည် ။ ချစ်သူဖြစ်တဲ့ သူ့ထက် သူ့သူငယ်ချင်းတွေကို ပိုပြီးဦးစားပေးသူဖြစ်သည် ။ သူ့သူငယ်ချင်း​တွေနဲ့များအတူရှိ​နေရင် သူ့ကို နှပ်ထားလေတဲ့ ဂင်မ်ချီ ရှိလို့ရှိမှန်းတောင်မသိတော့ ။

အဲ့အပြင် ဘင်းက သူနဲ့မတူဘဲ Negative သမားဖြစ်သည် ။ ဘာကိုမဆို အပျက်သဘောဘက်ကတွေးပြီး သူ့အတွေးအမြင်တွေကိုလည်း အပျက်ဘက်ကနေ အမြဲကာဆီးကာဆီးပြောနေကျ ။ သူကတော့ ချစ်တာမို့ အဲ့အချက်​တွေကို အပြစ်မမြင်ဘဲ သည်းခံခဲ့ပေမဲ့ အခုလိုအချိန်မှာတော့ ဘင်းလိုကောင်မလေးနဲ့ ​စော​စောပြတ်သွားတာလည်း တော်သေးတယ်ဟု သူတွေးမိလာသည် ။ သူမနဲ့က ရေရှည်လည်း အဆင်ပြေမှာမဟုတ်​ပေ ။ စိတ်​အေး​အေးထားပြီး စဉ်းစားကြည့်မှ အခုလို နှစ်နှစ်မပြည့်ခင်​လေးမှာ စိတ်ဓာတ်လေး ​သေချာသိလိုက်ရတာကပဲ ကံကောင်းတာလိုလို ။ အနည်းဆုံး ဒီလိုမပြေလည်မှုတွေကို Universe က သူ့ကိုယ်စား ဖြေရှင်းပေးလိုက်တာလို့ပဲ မှတ်ယူလိုက်တော့မည် ။

Miracle In December || V x OCWhere stories live. Discover now