White Love

474 50 14
                                    

"မင်းကနွားဘဲ Min Yoongi မင်းဘဝကိုဒီအရူး​ကောင်ဆီမှာပဲနစ်မြုပ်​တော့မလို့လား ​တောက် ငါကွာ"

ဥက္ကဌMinရဲ့​ဒေါသတကြီး​အော်ဟစ်လိုက်သံသည် စံအိမ်တစ်ခုလုံးကိုပျံ့နှံ့သွားသည် မည်သူမျှစံအိမ်​တွင်အသံမထွက်ရဲကြ....

"Yoongiသား Ommaကို​ပြောစမ်းပါ သားတကယ်ပဲအဲ့ဒီက​လေးနဲ့လွန်လွန်ကျုူးကျူးဖြစ်ခဲ့မိတာလား"

Ommaကသူ့ပုခုံးကိုကိုင်လှုပ်ကာငိုယိုပြီး​မေးသည်

"ဟုတ်တယ်.Omma"

နီရဲဖူး​ယောင်ပြီးဖြစ်​သောမျက်နှာအား​နောက်တစ်ကြိမ်ထပ်မံ၍လက်သီးတစ်စုံကျ​ရောက်လာပြန်သည်

"ဒီအိမ်ကထွက်သွား အခုချိန်ကစပြီးမင်းနဲ့ဘာမှမသက်ဆိုင်​တော့ဘူး"

အိမ်​ရှေ့တံခါးဆီသို့​လျှောက်လာလိုက်သည်

"​ခွေး​​​လောက်မှအဆင့်မရှိတဲ့​ကောင် မိဘမဲ့စိတ်​ရောဂါသည်ကိုယူပြီးလမ်း​ဘေး​ရောက်မှာ"

​ခြေလှမ်းတို့ကိုရပ်တန့်လိုက်သည်

"ဥက္ကဌကြီး အဲဒီမိဘမဲ့စိတ်​ရောဂါသည်က​လေ ခင်ဗျားတို့မ​ပေးနိုင်ခဲ့တဲ့​ပျော်ရွှင်ခြင်း​တွေကိုကျွန်​တော်ဆီယူလာ​ပေးခဲ့တာ သိလား"

"ဘာ မင်း"

​ဥက္ကဌကြီးရဲ့​ဒေါသတကြီး​အော်ဟစ်သံကိုနားမ​ထောင်​တော့ဘဲခြံဝမှ​ရပ်စောင့်​နေ​သော က​လေးငယ်ဆီကို​ပြေးသွားလိုက်သည်

"ကိုကို...နာ..နာ"

​ရောက်လာချင်းချင်းYoongiရဲ့မျက်နှာ​ပေါ်ကဒဏ်ရာ​တွေကိုလက်နဲ့ထိကာစိုးရိမ်သလို​ပြောလာတဲ့က​လေးငယ်ရဲ့လက်​တွေက်ုဆုပ်ကိုင်ရင်းမျက်ရည်စ​တွေသုတ်ပစ်လိုက်သည်

"လာ က​လေးငယ် ကိုကိုတို့သွားရ​အောင်"

​ခေါင်းငြိမ့်ပြပြီး သူ့ရဲ့လက်ကိုတွန်းကြပ်စွာဆုပ်ကိုင်လာတဲ့က​လေးငယ်ရဲ့လက်​တွေကိုပို၍တင်းကြပ်စွာဆုပ်ကိုင်လာသည်

ဘယ်လိုအခက်အခဲရှိရှိက​လေးငယ်ရဲ့လက်ကိုလွှတ်မ​ပေးဘူး စိတ်ချပါက​လေးငယ်
****************************

𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀Where stories live. Discover now