"တောက်စ်.....ဟိုလူ ဘာလို့ဖုန်းမကိုင်တာလဲ....တနေကုန်ကော တညလုံးကော ဖုန်းခေါ်နေတာကို ဘာလို့ မကိုင်တာလဲ....ဘယ်လင်ငယ်နဲဲ့ သာယာကြည်နူးနေလို့လဲ မသိဘူး"
ဇာမဏီမောင် တယောက် ဧကေး ခရီးထွက်မယ်ပြောပြီးထဲက ဖုန်းတွေတောက်လျှောက်ခေါ်တာဟာ ညနက်ရောက်တဲ့အထိ ဖုန်းမကိုင်တာကြောင့် တယောက်ထဲ ဒေါကန်လျက် ရှိသည်။
ထိုအချိန်တွင် ဖုန်းမြည်သံကြောင့် မျက်လုံးများ လက်ခနဲဖြစ်ကာ ကောက်ကိုင်လိုက်ချိန်တွင်
"Hello....ကို....ဘာလုပ်နေလဲ"
"ကျစ်"
ဇာမဏီ မျှော်လင့်ထားတဲ့သူတယောက်စီက ဖုန်းဆက်တာမဟုတ်တာကြောင့် စိတ်ပျက်ကာ ကျစ်စုတ်သပ်မိသည်။
"ကို .... ဘာလုပ်နေလဲလို့"
"ကို ဘာမှမလုပ်ပါဘူး ပိုးရဲ့"
"ကို ဒီနေ့ အားလား.... အားရင် တွေ့ရအောင်လေ"
ဇာမဏီမောင် စိတ်မကြည်တာကြောင့် ဘယ်သူနဲ့မှ တွေ့ချင်လိုစိတ်မရှိတာကြောင့်
"ကို ဒီနေ့ အလုပ်လေးနည်းနည်းရှိလို့ နောက်မှ တွေ့ရအောင်နော်"
"ကို နေမကောင်းဘူးလား...ဘာလို့လဲ အသံလဲမကောင်းဘူး.....ပိုး လာခဲ့ရမလားဟင်"
မတရားတွေ ဇွတ်လာချင်နေသော ကောင်မကို ဇာမဏီမောင် တယောက် ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ
"နင့်မေစပ-ိုးထဲမှပဲ အလုပ်ရှိတယ်ဆိုနေ ဒီကောင်မကတော့"
ရုတ်တရက်ဆိုသလို သပ်သပ်ကြီး ထဆဲခံလိုက်ရတာ တကြောင်း..... ကို့ပါးစပ်က တခါမှ အခုလို ယုတ်ရင့်ကြမ်းတမ်းတဲ့ စကားလုံးတွေကြောင့်က တကြောင်း ပိုးနန်းဖြူ အံ့သြပြီး ပါးစပ်က အာဆေးမိသလိုဖြစ်ကာ ဘာမှ ပြန်မပြောနိုင်ပဲ ဖြစ်နေလေသည်။
ခဏအကြာ ဇာမဏီမောင်လဲ သူပြောစကား လွန်သွားမှန်းသိ၍
"အာ sorry ပိုး....ကိုယ် နည်းနည်း အလုပ်ဖိစီးပြီး စိတ်ညစ်စရာလေးတွေရှိသွားလို့"
YOU ARE READING
H.O.P.E
RomanceMarried Lifeလေးကိုပဲ အဓိကထားရေးသွားမှာပါ။ အရေးအသား ညံ့ဖျင်းကောင်း ညံ့ဖျင်းနိုင်တာမို့လို့ အားလုံးကို မီယားနဲ🙇♀️🤎 အသုံးအနှုန်းလဲ ရိုင်းစိုင်းနိုင်တာမို့လို့ ကြိုတင်တောင်းပန်ပါရစေ။