{Unicode }

240 9 4
                                    

"ဆာကူရာတွေတောင် ပွင့်နေပြီဘဲ "

ဆောင်းတွင်း၏ လေပြေလေးသည် အေးမြခြင်းနှင့်အတူ ဆာကူရာပန်း၏ မွှေးရနံ့များအား သယ်ဆောင်လာ၏။ ဆာကူရာပန်းများ လှိုင်လှိုင်ပွင့်နေသော သစ်ပင်အိုကြီးအောက်၌ ကောင်လေးတစ်ယောက်သည် ညိုးငယ်စွာနဲ့ရပ်နေခဲ့သည်။ လူပျို လူအို နှင့်ကလေးတွေအကုန်ပျော်ရွှင်နေကြသည့်အချိန်အခါမှာ ကောင်လေးရင်ထဲ၌မည်သည်များခံစားနေရ၍ မပျော်နိုင်တာပါလိမ့် ။

စေတန်ဟိန်း လေပူတစ်ချက်မှုတ်ထုပ်လိုက်ပြီး သစ်ပင်အိုကြီးအား ငေးကြည့်နေမိသည်။ စကားလုံးတစ်လုံးမျှ ထွက်ကျမလာပေမဲ့ ရင်ဘတ်ထဲ၌ ဝမ်းနည်းမှုတွေအပြည့်နှင့်ပင်။ စေတန်တနေ့လုံး သစ်ပင်ရှေ့၌ ရပ်နေခဲ့သည်မှာ ဘေးမှလူများ သူ့အား ထူးဆန်းစွာ လှည့်ကြည့် လှည့်ကြည့် ဖြင့် ကြည့်နေကြသော်လည်း လောကကြီးအား မျက်ကွယ်ပြုကာ ရပ်မြဲအတိုင်းရပ်နေခဲ့၏။ ဆောင်းတွင်း၏သဘောသဘာဝအရ တိုလျသည့် နေ့တာကြောင့် ညနေဆည်းဆာယံမှာ မြန်ဆန်စွာရောက်ရှိလာခဲ့ပြီ ။

"မောင်ထားသွားတာ တစ်နှစ်​ကျော်ခဲ့ပြီနော် "

အသံကအက်ကွဲပြီး ဝမ်းနည်းရိပ်တွေစိုးမိုးနေသည်။

ဤနေရာတွင် အပြုံးချိုချိုလေးဖြင့် ပြုံးပြဖူးခဲ့သော ပြန်မလာနိုင်တော့သည့် ကောင်ငယ်လေးအား စေတန်လွမ်းနေခဲ့သည်။ လှပပြီး လွတ်လပ်စွာ ပွင့်ဖူးနေကြသည့် ဆာကူရာပန်းလေးများသည် ဆာကူရာတွေအား မြတ်နိုးလွန်းသည့် မောင်နဲ့ စတင်တွေ့ဆုံခဲ့သည့် အချိန်အား သတိရစေခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော် သ​ံုးနှစ်ခန့်၌......

အလုပ်ဖြင့်သာ အချိန်ကုန်ခဲ့ပြီး အလုပ်နှင့်အိမ်မှလွဲ၍ တခြားနေရာများသို့ သွားရောက်လည်ပတ်လေ့မရှိသည့် စေတန်သည် ဤနေ့တွင် ဆာကူရာပန်းပင်ကြီးရှိရာသို့ သွားရောက်ခဲ့သည်။ ဝါသနာအရ စိတ်အပန်းဖြေသည့်အနေဖြင့် ပန်းချီဆွဲရန်ပြင်ဆင်ခဲ့သည်။ မွေးရက်မြေနှင့် ဝေးကွာနေသည်မှာ ကြာနေပြီဖြစ်သောကြောင့် တစ်ခါတစ်ရံမွေးရပ်မြေအား လွမ်းဆွတ်မိ၍ ပြန်ချင်ခဲ့မိသည်။ သို့သော် စိတ်ကူးတိုင်းတော့ဖြစ်မလာပေ။

ကြွေလွင့်ခဲ့သော နှလုံးသားငယ်Where stories live. Discover now