ဂျောင်ဂုကငါ့ကိုမမြင်တာလား ?

256 26 59
                                    

VLOGGER (Unicode)

VLOGGER (Unicode)

Deze afbeelding leeft onze inhoudsrichtlijnen niet na. Verwijder de afbeelding of upload een andere om verder te gaan met publiceren.

hee-fei

တီ....တီ....တီ.....

ပုံမှန်နိုးနေကြအချိန်မဟုတ်ဘဲ တစ်နာရီလောက်က်ြို alarm ပေးထားသည့် ထယ်ယောင်း

" ဝါး....ထရတော့မယ်ပေါ့ အွင်း....."

အိပ်ယာထသည်နှင့်ထထိုင်ကာ ဆံပင်ကိုဖွတတ်သည့်အကျင့်လေး ။

" ဝါး....."

အိပ်ချင်နေပါသော်လည်း ဂျောင်ဂု အတွက်မနက်စာကိုယ်တိုင်ပြင်ဆင်ပေးချင်တာမလို့ မထချင်သော်ငြားကြိတ်မှိတ်ထကာ အဝတ်တန်းမှာလှန်းထားသည့် တဘက်ကိုဖခုံးပေါ်တင်ကာ ရေချိုးခန်းထဲဝင်သွားလိုက်သည်။

ဆောင်းဦးလေးလည်းဝင်ပြီဆိုတော့ ရေချိုးရင်းနဲ့ အအေးဓာတ်ပိုပိုခံစားမိနေသည်။

" အေးလိုက်တာ...ချီး..."

အရင်လိုတောင်ရေအကြာကြီးစိမ်ပြီးမချိုးနိုင်တော့ပေ။ မြန်မြန်သန့်ရှင်ကာ မြန်မြန်ပင်ရေချိုးခန်းထဲကထွက်လာခဲ့ရတယ်။ နောက်နေ့ကစပြီး ရေပူရေအေးစပ် မှရတော့မယ်။ ဂျောင်ဂုကိုလည်း နွေးနွေးထွေးထွေးနေဖို့မှာရမယ်။

အစကတည်းက သိပြီးသားဖြစ်တဲ့ဆိုရှယ် accလေးထဲဝင်ကာ နွေးနွေးထွေးထွေးဝတ်လာဖို့မှာရမယ်။

" ဂျောင်ဂု အေးတယ်နော် ရေနွေးလေးနဲ့ချိုးပြီး နွေးနွေးထွေးထွေးလေးလာခဲ့။ ပြီးတော့ မနက်စာလည်းမစားလာခဲ့နဲ့နော် ထယ်ပြင်လာခဲ့မယ် "

သူ့ဘက်ကပထမဦးဆုံးစပို့လိုက်သည့်စာလေး။ သူ့ဘက်ကမစသင့်ပေမယ့် ဂျောင်ဂု ဖြစ်နေလို့အရာအားလုံးကိုသူ့ဘက်ကပဲ့စမယ်။

အရင်နေ့တွေလိုပဲ့ T shirt အဖြူကို စတိုင်ပင်နဲ့တွဲဝတ်ထားတဲ့ ထယ်ယောင်းစတိုင်က အရင်နေ့တွေလိုပဲ့ကြည့်ကောင်းနေတုန်းပင်။တစ်ပါးသူတွေအမြင်မှာကြည့်ကောင်း နေဖို့မလိုပါဘူး ဂျောင်ဂုတစ်ယောက်ထဲအတွက်ပြင်ထားတာ။

=𝚅𝙻𝙾𝙶𝙶𝙴𝚁=(𝚃𝙰𝙴𝙺𝙾𝙾𝙺&𝚂𝙾𝙿𝙴)Waar verhalen tot leven komen. Ontdek het nu