"💔☘💔"

1K 97 9
                                    

"A Promise For Love" [Part-20]

"ခွမ်း"
"မသောက်ဘူး...မသောက်ချင်ဘူး..
မသောက်နိုင်ဘူးလို့ ပြောနေတယ်လေ..."

ဒီအသံကတော့ ကွန်ဒို အခန်းလေးထဲက အိမ်အကူအ​ဒေါ်​ကြီး ဆေးတိုက်နေတာကို ကလန်ကဆန် လုပ်ရင်းကနေ.. ရေခွက်အားပုတ်ထုတ်လိုက်သောကြောင့်... အခန်းတွင်းကြမ်းပြင်၌.. ကွဲသွားသော ဖန်ကွဲစများနှင့် အတူ သောက်ရမည့်ဆေးများဟာ.. ပြန့်ကျဲလို့ပင်....

Dr-Yoon.. မှာ Jimin နားအမြဲ တစ်စေ မနေပေးနိုင်သောကြောင့် အိမ်သန့်ရှင်းရေး ချက်ပြုတ်ရေးနှင့် ဆေးသောက်ချိန် မှန်စေရန် အိမ်အကူတစ်ယောက်အား ငှားခဲ့ပေမဲ့လို့.. အရာမထင်...
ဆေးတိုက်ချိန်တိုင်း ဤ သို့ပင်နှယ်...

"ဆရာလေး..ရယ် အဲလို မလုပ်ပါနဲ့..
ဆရာလေး ဆေးမသောက်ရင် ကျွန်မကို Dr ကဆူလိမ့်မယ်.."

"အဆူမခံစေရပါဘူး...ဒီပစ္စည်းတွေကိုရှင်းပြီး
ကျွန်တော်ဆေး ပုံမှန်သောက်တယ် လို့ပဲ ပြောလိုက် အဒေါ်ကြီး..."

"ဆရာလေး အဲလို ပြောခိုင်းလို့ အဒေါ်ကြီး Dr ကို ညာနေရတာ ကြာပြီလေ.. ခု ဆရာလေးနေကောင်းတာလဲ မဟုတ်ပဲ..
သောက်လိုက်ပါဆရာလေးရယ်နော်.. ကျွန်မ ဆေးအသစ်ပြန်ယူခဲ့မယ်.."

"မသောက်ဘူး ပြောနေတယ်အဒေါ်ကြီးရာ..
ကျွန်​​တော်စိတ်မတိုချင်ဘူးကျွန်တော့်စကားနားထောင်ပေးပါ"

"အဲလို.. အဲလို မဟုတ်ပါဘူး..ကျွန်မက.."

"တော်.. သွားတော့ ကျွန်တော့်အခန်းထဲက.."

အဒေါ်ကြီးအား ဆူပူကြိမ်းမောင်းကာ အခန်းပြင်ထွက်ခိုင်းစေပြီး...နောက်.. အောင့်တက်လာသော နှလုံးသားတစ်စုံအား ဖိထားရင်း ကုတင်အား အမှီပြုကာ အိပ်ယာ ပေါ်တွင်သာ ခွေခွေလေး လှဲနေခဲ့၏...

အဒေါ်ကြီးလဲ ပြောမရသည့်အဆုံး.. ကွဲနေသော ဖန်ကွဲစလေးများနှင့် ဆေး​တွေအား.. ဆရာလေး မထိခိုက်စေရန် သေချာ သုတ်သင်ရှင်းလင်းပြီး..အခန်းအပြင်သို့သာ ထွက်ခဲ့လေသည်.. ။
ဆရာလေး Jimin..က စိတ်သဘောထားအရမ်းကောင်းပါ၏...လူကြီးတွေအပေါ်လဲ ရိုသေလေးစားသူတယောက်ဖြစ်ပြီး..

"A Promise For Love🤙"[Completed]Where stories live. Discover now