Extra - 7

1.2K 81 27
                                    

[Unicode]

"ထွက်သွားစမ်း ေ-းမသားလေး!!..."

ဟိန်းခနဲပေါ်ထွက်လာသော အော်ဆဲသံကြီးကြောင့် ကလေးငယ်နားနှစ်ဖက်အား ခပ်သွက်သွက်လေး အုပ်ပိတ်ပေးလိုက်ရလေသည်။

အသံပိုင်ရှင်မှာတော့ မည်သူ့အဖိုးလဲ မေးစရာမလိုအောင်ကို ဩထွက်နေတာမို့ ထယ်ယောင်းစိတ်ထဲမယ် စိုးခနဲ၊ ထိတ်ခနဲ။

ဂျွန်းအဆင်ပြေမှာပါနော်...။

ကောက်ရိုးပုံအား မီးစွဲသကဲ့သို့ ဟုပ်ခနဲထလောင်လာသော စိတ်အစဉ်မှာ ရင်ဘတ်တစ်ခုလုံးကို တစ်မုဟုတ်ချင်း ကြီးစိုးသွားတာမို့ ခြေမကိုင်မိ၊ လက်မကိုင်မိပင် ဖြစ်လာမိပါရဲ့။

'ကိုအထဲသွားပြီး ထယ့်အဖိုးနဲ့စကားပြောကြည့်မှာမို့ ခြံထဲကပဲစောင့်နေနော်' ဟု မှာတမ်းခြွေသွားသည့် မူပိုင်ရှင်ကြောင့် ခြံထဲကကွပ်ပစ်ပေါ်တွင် ဇောက်ချနေမိတာ နာရီဝက်နီးပါး။ ကိုယ်တိုင်ဝင်တွေ့ဖို့ ကြိုတွေးထားခဲ့သော်လည်း သေချာနေသည့်မျက်စံနက်များဖြင့် တေ့ဆိုင်ကြည့်လာသူကြောင့် ခေတ္တမသိချင်ယောင်ဆောင်လိုက်ရပေသည်။

ဆေးရုံတွင် ၃ ရက်ကြာနေပြီးနောက် family doctor ထံမှ ဆင်းရုံဆင်းဖို့ ခွင့်ပြုချက်ရသဖြင့် သားအဖသုံးယောက်လုံး အထုပ်ကိုယ်ဆီဆွဲကာ ဖိုးလေးအိမ်သို့ လက်ငင်းခရီးဆက်ခဲ့ကြတာ။ အကြောင်းမှာတော့ မိမိအုပ်ထိန်းသူများထံတွင် ပိုင်ရှင်ရှိသွားပြီဖြစ်ကြောင်း အသိပေးရန်အတွက် ရည်ရွယ်ပြီးလာခဲ့သော မူလဘူဆန်ခရီးစဥ်အား ခြေရာပြန်ကောက်ခြင်း။

လေးနာမ်ဂျွန်းမှာတော့ အစောပိုင်းတည်းက ထယ်ယောင်းကိုယ်တိုင်ပြောပြထားသည်မို့ ဂျွန်းနှင့်အကြောင်းကို သိပြီးဖြစ်သော်လည်း၊ မသိသေးသူမှာတော့ ကျွေးသဖခင်ကျေးဇူးရှင်သဖွယ်ဖြစ်ခဲ့တဲ့ အဖိုး။ မှိုလိုပေါက်နေသည့် သတင်းနှိုက်သူများ၏ 'CEO ဂျွန်းဂျောင်းဂုရဲ့ အချစ်ရေးခန့်မှန်းချက်' ဆိုသည့် သတင်းပုဒ်များကို ဖတ်မိလျှင်တော့ ရိပ်မိလောက်မှာဖြစ်ပေမဲ့ ပြုလုပ်သူဖြစ်တဲ့မိမိတွင်လည်း အသိပေးသင့်သည့် အကြောင်းပြချက်ကြီး လုံလောက်စွာရှိနေသည် မဟုတ်ပါလော။

ADORABLE hyung [Completed]Onde histórias criam vida. Descubra agora