"ဒီနေ့တော့နောက်ကျလှပါလား ကိုကြွယ်ဝထက်သာ"
ထိုသူရောက်လာသည့်အချိန်က ဆိုင်ပိတ်ခံနီး ၇နာရီခွဲမို့ အံ့သြလှစွာ မေးမြန်းမိသည်အထိ
"တမင်နောက်ကျအောင်လာတယ်ဆိုရင်ကော ညှိုးက ဆူလေမလား"
"ဆူစရာလားလို့ ဒါကမင်းသဘောပါ ညနေစောင်းမှခေါင်းလာလျှော်တော့ တို့အံ့သြရုံပါ"
"စိုးရိမ်မှုပိုစေချင်လို့ နောက်ကျမိလေသလားမသိပါ ညှိုးရယ်"
"...."
ခေါင်းလျှော်ပြီးသည်မို့ အခန်းကဦးဆောင်ကာ ထွက်တော့မည့် ညှိုးအား လက်ကောက်ဝတ်ကလေးအား ကျွန်တော်ညင်သာစွာ ဆုပ်ကိုင်၍
"ညှိုးကို ကျွန်တော်ဒီနေ့က စပြီး လိုက်တော့မယ်"
"ရှင်လေးကတော့ အတော်ပဲ ကပေါက်တိကပေါက်ရှာ ပြောရန်ကော"
"အတည်ပြောတဲ့ စကားတွေအပေါ် ပျက်ရယ်မပြုပါနဲ့ညှိုး"
ထိုစကားအား မျက်နှာတည်ဖြင့် ဆိုသောကြောင့် ညှိုးမှာ စကားစပင်ရှာမရတော့သည့်အပြင် ထိုသူစကားမှာ ကိုယ့်အတွက်တော့ ရှက်ဖွယ်အတိ
"ညှိုး ဆိုင်ပိတ်တော့မှာမလား"
Dryerမှုတ်ပေးနေသောညှိုးကို မှန်ထဲကသာ ကြည့်ရင်း စကားဆိုလိုက်သည်
"နောက် ၁၅ မိနစ်လောက် နေရင်ပေါ့"
"ဒါဆို ကိုယ် ညှိုးကိုစောင့်လို့ရမလား"
"ဘာလို့"
"ကိုယ် မင်းနဲ့မုန့်အတူစားချင်တယ်"
ထိုသူရဲ့စကားက တောင်းဆိုနေတာဖြစ်အင်မတူပါဘဲ အမိန့်ဆန်သည့်စကားအသွားအလာမျိုး
"ဘာလို့များ တဇွတ်ထိုး ဆန်နေရတာလဲ မမြန်လွန်းဘူးလား"
"ကိုယ့်အတွက်တော့ နှောင့်နှေးတောင် နေပါသေးတယ် ညှိုးအတွက်တွေးတောရင်း ကိုယ်အတင်းအကြမ်းမဆန်ခဲ့တာဘဲရှိတာပါညှိုး"
"တို့က အရာရာ လွယ်မကူနေတာ သိပါတယ် အာ့ကြောင့်လဲ မင်းကို အချိန်တွေတမင်တကာ မကုန်စေ့ချင်ဘူး"
KAMU SEDANG MEMBACA
"ညှိုး"(BL) Complete
Cerita Pendek"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...