🎄5

341 56 27
                                    

Unicode below

Zawgyi

ထယ်ယောင်းတစ်​ယောက်က​တော့ ဂျာရင်းမ် Santa နဲ့ စကားပြောနေတုန်း အခန်းထဲ လှည့်ပတ်ကြည့်ရင်း ပျော်တာလိုလို ၊ အထီးကျန်တာလိုလို မရေမရာခံစားခဲ့ရသည်ပင် ။ Santa နဲ့ စကားပြောရတော့လည်း ဝမ်းနည်းဝမ်းသာ ခံစားရပြန်သည် ။ မိမိမှာ အသည်းကွဲနေသော်လည်း မိမိအမျှော်လင့်ဆုံး အသွားချင်ဆုံးနေရာကို ရောက်နေပြီး Santa နှင့်တွေ့ကာ လက်ဆွဲနှုတ်ဆက်ပြီး ဓာတ်ပုံလည်း အတူရိုက်ခဲ့ရသည်မို့ ဒီခံစားချက်လေးအတိုင်း ဆက်ပြီးပဲပျော်ရမလား ၊ ဒီလို စိတ်လှုပ်ရှားစရာခရီးကို ချစ်သူကောင်မလေးနှင့်အတူ မလာရလို့ စိတ်မကောင်းပဲဆက်ဖြစ်ရမလား ဝေခွဲမရတော့ချေ ။

သို့ပေမဲ့လည်း အသည်းကွဲတာကို ဖယ်ကြည့်လိုက်ရင်တော့ ဒီရိုဗန်နီယာမီခရီးစဉ်က သိပ်ကိုပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းလှသည်ပဲဖြစ်သည် ။ Christmas မှာ အတွေ့အကြုံအသစ်ရသည်​ပေါ့ ။ ထိုစဉ် Santa က ထယ်​ယောင်းနှင့် ဂျာရင်းမ်ကို နှစ်ဦးသားက အတူလာသည်မို့ နှစ်ယောက်လုံး သူနှင့်အတူ တစ်ပုံတွဲရိုက်ရန်ပြောသောကြောင့် သူတို့လည်း Santa ၏ တစ်ဖက်တစ်ချက်စီတွင်ထိုင်ကာ ဓာတ်ပုံတွဲရိုက်ဖြစ်ခဲ့သေးသည် ။ အဲ့ဓာတ်ပုံကိုတော့ ထယ်ယောင်းက ဂျာရင်းမ်လက်ထဲကို ပစ်ပစ်သိမ်းသိမ်း ကြိုက်တာသာလုပ် အားမနာနဲ့ ဟူသည့်သဘောဖြင့် အတင်းထိုးထည့်ပေးလိုက်သည် ။

ထယ်​ယောင်းတို့ Santa Claus Office မှ ထွက်လာတော့ ညနေ၄နာရီဝန်းကျင်သာရှိသေးသော်လည်း အပြင်မှာ မှောင်နေပြီဖြစ်သည် ။ Lapland မှာ နေ့အလင်းရောင်က တစ်နေ့ကို အနည်းဆုံး ၂၁နာရီလောက်ထိ​တောင် ရှိတတ်တယ်လို့ သူဖတ်ထားခဲ့ဖူးပေမဲ့ အဲ့ဒါက တစ်နှစ်မှာမှ ၇၃ ရက်လောက်သာဟုလည်း ရေးထားသေးသောကြောင့် အခု ဒီနေ့ကတော့ ကျန်သည့် ၂၉၂ ရက်ထဲမှ တစ်ရက်ဖြစ်နိုင်သည် ။ သို့ပေမဲ့လည်း Village ထဲမှ အဆောက်အဦးများကတော့ အဝါရောင်မီးများဖြင့် ထိန်ထိန်လင်းနေကာ Christmas သီချင်းသံလေးများလည်း ခပ်တိုးတိုးကြားနေရသောကြောင့် လည်ပတ်ချင်စရာဖြစ်နေသည် ။ ထို့အပြင် နှင်းတွေလည်းကျနေသောကြောင့် ထယ်ယောင်းတို့ ညစာကို ခပ်စောစောစားဖို့တွေးလိုက်သည် ။

Miracle In December || V x OCWhere stories live. Discover now