Part 1

8K 346 24
                                    

Unicode

"ပိုင်လီအိမ်တော်"

ထိမ်းမြားမင်္ဂလာပွဲတို့ထုံးစံအတိုင်း ပိုင်လီအိမ်တော်တစ်ခုလုံး အနီရောင် ဖဲကြိုးများ လိုက်ကာများ၊ အနီရောင် စာလုံးရေးဆွဲထားသည့်မီးပုံးများနှင့် အလှဆင်ထားသည်။ မြို့တော်၏ ဩဇာအာဏာကြီးမားသော အိမ်တော်တစ်ခုဖြစ်သည်နှင့်အညီ ပိုင်လီအိမ်တော်မှခမ်းခမ်းနားနားပြင်ဆင်ထားသည့် မင်္ဂလာပွဲကား လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားလျက်ရှိသည်။

"သခင်လေး မင်္ဂလာအချိန်ကျရောက်လာပါပြီ"

မင်္ဂလာပွဲကျင်းပဖို့ရာ အကုန်ပြင်ဆင်ပြီးစီးပြီဖြစ်သော်လည်း မင်္ဂလာသတို့သားမှာ အဆောင်ငယ်အတွင်း ခေါင်းမာစွာနှင့် ထိုင်နေဆဲဖြစ်သည်။ အစေခံများမှာ မကြာခဏ သတိပေးနေရသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသည့် အိမ်တော်သခင်လေးကြောင့် အခက်တွေ့နေကြသည်။

"သခင်လေး သခင်ကြီးက အပြင်ထွက်လာဖို့ အမိန့်ပေးထားပါတယ်။ သတို့သမီးကို သွားကြိုဖို့ ဝေါယာဉ်လည်း အဆင်သင့်ဖြစ်နေပါပြီတဲ့"

သူတို့ရဲ့ အိမ်တော်သခင်လေးဝမ်က အလိုမတူဘဲ အတင်းအကျပ်စီစဉ်ခဲ့သည့် မင်္ဂလာပွဲမို့ ခေါင်းမာမာနှင့် ဆက်လက်ငြင်းဆန်နေဆဲဖြစ်သည်။

"ဝမ်ရိပေါ်....မင်း....မင်း....ဒါဘယ်လိုအပြုအမူလဲ...တစ်ဖက်က တော်ဝင်မိသားစုဆိုတာ သိရဲ့လား။ တော်ဝင်မိသားစုကို အပြစ်ပြုမိရင် အိမ်တော်တစ်ခုလုံး ပျက်စီးမှာ....မင်းက အဲ့လိုဖြစ်ချင်တာလား....မင်းကတော့ လက်မထပ်ချင်လို့ခေါင်းမာရုံပဲ မင်းအဖေငါနဲ့ မင်းရဲ့အဘိုး....ငါတို့လူအိုကြီးတွေက မင်းကြောင့်နဲ့ တော်ဝင်မိသားစုကို မျက်နှာပျက်ရပြီ။"

"အဲ့တာဆိုရင် ဘာလို့ အစထဲက ကျွန့်တော်သဘောထားကို မမေးမြန်းဘဲ ဒီမင်္ဂလာကိစ္စကို လက်ခံလိုက်ရတာလဲ။ ကျွန်တော်က ပါးတို့အတွက် တော်ဝင်မိသားစုကို လာဘ်ထိုးဖို့ ကုန်ပစ္စည်းတစ်ခုလား။ တော်ဝင်မိသားစုနဲ့ ခမည်းခမက်တော်လိုက်လို့ ပါးတို့ပါ တော်ဝင်မိသားစုဖြစ်သွားမယ်ထင်နေတာလား"

Rúyǎ Fēngdù 儒雅风度Tempat cerita menjadi hidup. Temukan sekarang