ရန်ကုန်ကနေသံတွဲကို ညနေဘက်ကစပြီး
နောက်နေ့ July 17ရက်နေ့ မနက်အစောပိုင်း
ထိမောင်းရတယ်
ကားပေါ်မှာ ကျမ အမေနဲ့မောင်လေးရယ်
အဒေါ်နဲ့အကိုဝမ်းကွဲရယ် driverရယ်
အဖေ့အလုပ်က လူကြီး၂ယောက်ပါတယ်မနက် 4:30ကျော်လောက် သံတွဲက
အဖေတာဝန်ယူပြီး ဆောက်လုပ်စဖြစ်နေတဲ့
resort လေး တိုက်၂ထပ်နဲ့ အပြင်အဆင်
တစ်ချို့လက်စမသပ်ရသေးတဲ့ ခြံဝန်းကျယ်ကိုရောက်တယ် အဖေ့ကို ရေဝေးနားက
ရေခဲတိုက်ထဲ ထားထားလို့ မနက်သေချာလင်းရင် လိုက်ပို့ပေးမယ်ဆိုပြီး နယ်ခံဦးလေး
ကပြောတယ်
ခြံထဲမှာ အဖေ မဆုံးခင်မနက်ပိုင်းလေးထိ
နေသွားတဲ့ ထရံကာ အိမ်အပုလေးရှိတယ်ကျမ အပြေးဝင်သွားကြည့်တော့
အဖေ့ဓာတ်ပုံလေးကို စားပွဲခုံပေါ်တင်ထားပြီး
အရှေ့မှာ အမွှေးတိုင် ထမင်းဟင်း ကွမ်း
မဆုံးခင်ထိ ဝတ်ခဲ့တဲ့ အင်္ကျီနဲ့ပုဆိုးတို့ကို
သေချာလုပ်ပေးထားတယ်
အဲ့အိမ်လေးမှာ အဖေရယ် သံတွဲက နယ်ခံ
အဘတစ်ယောက်ရယ် နေတာတဲ့
အဘက အဖေ့ကို သားအရင်းလို ဂရုစိုက်ပေးတဲ့သူ အဖေဆုံးမှ ကျမတို့ကို မြင်ဖူးပေမယ့်
အရမ်းဂရုစိုက်ရှာတာ မျက်ရည်တွေလည်း
ဝိုင်းနေပြီး ကျမတို့ကို အရိပ်တကြည့်ကြည့်
ဘာလိုလဲ ဘာလုပ်ပေးရမလဲ နဲ့ပြာပြာသလဲ
မနက်စာတွေလဲ ပြေးဝယ်ပေးတယ်ကျမ အဖေအိပ်တတ်တဲ့နေရာရှေ့နားလေးမှာ
အဖေ့ပုံလေးကိုင်ပြီး အကြာကြီး ငိုနေခဲ့တယ်
နောက်တော့ အလုပ်သမားကောင်လေး
တစ်ယောက်က အဖေဘယ်လိုဆုံးသွားတာလဲ လာပြောပြတယ်
2017 july 16 မနက် 8နာရီလောက်
အဖေစားဖို့အတွက် ကောင်လေးက
ကြက်သားဆန်ပြုတ်လာပေးတယ်
သောက်နေရင်း ခဏကြာတော့ မောလာပြီး
အသက်ရှူရကြပ်လာလို့ ချက်ချင်းဆေးရုံ
လိုက်ပို့တာကို ဆေးရုံက ဆရာဝန်
ထွက်မလာပဲ nurse ကလူနာကို မကုခင်
ဆေးမှတ်တမ်းဟောင်းပါမှ ဝင်ခွင့်ပေးမယ်တဲ့
အဖေ့ကိုလေ ဆေးရုံကုတင်ပေါ်မှာ
ဒီတိုင်းကြီး ပစ်ထားကြတယ် သူ့ခမျာ
oxygen မရတော့ တဖြည်းဖြည်းမောပြီး
ဆုံးသွားခဲ့တာတဲ့အစအဆုံး ကျမသိရတော့ စိတ်တွေအရမ်း
တိုပြီး သူတို့ကဘာမလို့လဲ အသက်ထက်
ဘာတွေကများပိုအရေးကြီးတာလဲ တကယ်လို့များ သူတို့မိသားစုဒီလိုဖြစ်ရင်
ပစ်ထားမှာမဟုတ်ဘူး ဆိုပြီး အော်ဟစ်
သောင်းကျန်းပလိုက်လို့ အမေတို့ဝိုင်းတား
ရသေးတယ်