22

7.1K 641 42
                                    

(U)

Ep(22)Highlight~
သတိရချိန်တွေဟာ(၂၄)နာရီ

✰♪✰♪✰♪

ဘော်ဒါမှာ အဆောင်နေကျောင်းသားတွေ ပြန်စုံတဲ့အချိန်က နေ့လည် ဆယ့်နှစ်နာရီလောက်ရှိနေပြီး
အဝေးကလာတဲ့ ကျောင်းသားတွေက ပင်ပန်းနေကြပြီဖြစ်သည်။
တစေကလည်း စာသင်ချင်စိတ်မရှိသေးတာကြောင့်
ကျူရှင်သင်မယ့် ဆရာတွေအကုန်လုံးကို နားပေးရန် တောင်းဆိုလိုက်သည်။
ဆရာတွေကတော့ ဘယ်လက်ခံချင်ပါ့မလဲ။
ဆယ်တန်းဆိုတာ ဒီကျောင်းရဲ့ဂုဏ်ကို မြှင့်တင်နိုင်မယ့် အရေးကြီးဆုံးအတန်းပဲ။
နှစ်တိုင်း သူတို့ကျောင်းက တစ်နိုင်ငံလုံးမှာ အောင်ချက်နဲ့ပတ်သတ်ရင် ထိပ်ဆုံးမှာ ရပ်တည်နေကျပဲ။
ဒါတွေဟာ ကျောင်းသားတွေက သူတို့ဆရာတွေစကားကို သေချာနားထောင်ပြီး တစ်သွေမသိမ်းလိုက်နာခဲ့တာကြောင့် ဒီလိုတွေ အမှတ်ကောင်းရခဲ့ကြခြင်းဖြစ်ကြသည်။

ဒါပေမယ့် အခု ဒီကျောင်းသားကတော့
သူ့စိတ်ကြိုက်အတိုင်း ကျူရှင်ချိန်ကို ပိတ်ခိုင်းပြီး
ထပ်တိုးအနေနဲ့ ညဘက်ပွဲစျေးလျှောက်ဖို့ပါ ခွင့်တောင်းလိုက်သေးသည်။
ဆရာတွေအကုန်လုံး ဘယ်စိတ်ချမ်းသာချင်ပါတော့မလဲ။
ဒါပေမယ့်လည်း တစ်သက်လုံးမှာမှ တစ်ခါသာ တောင်းဆိုဖူးတဲ့ တစေ့တောင်းဆိုချက်ကို မလိုက်လျောလို့လည်း မရပေ။

သူတို့မြို့က လပြည့်နေ့ပထမတစ်ရက်က စပြီး
နောက်သုံးညတိုင်တိုင် ပွဲစျေးကိုဆက်လက်ကျင်းပလေ့ရှိကြသည်။
ဒါကြောင့် ဒီညက ပွဲစျေးနောက်ဆုံးညဖြစ်ပြီး
တစေက သူ့မြို့ရဲ့ ညစျေးပွဲအလှကို အလင်္ကာ့အား လည်ပတ်စေချင်စိတ်နဲ့ ခေါ်ထုတ်ရန်ကြံစည်ခဲ့တော့သည်။

ကျောင်းသားတွေကို ဂိုက်ဆရာ၊ဆရာမလေးတွေက
လိုက်ပါကြည့်ရှုစောင့်ရှောက်ရန် မှာကြားထားသော်လည်း
တစေက သူနဲ့အလင်္ကာ့နောက်ကို ဘယ်သူမှ လိုက်မလာရဘူးဟု တားမြစ်ထားတာကြောင့်
တစ်ယောက်မှ လိုက်မလာကြဘဲ နှစ်ယောက်တည်းကိုသာ လွှတ်လိုက်ရသည်။

အလင်္ကာ ဘေးကနေ ငြိမ်ငြိမ်လေးလျှောက်ရင်း တစေ့ကို သဘောမကျဟန်ဖြင့် ပြောလိုက်သည်။
"မင်း ဘာလို့ဒီလိုတွေ လုပ်နေတာလဲ
မင်းလုပ်လို့ ဆရာတွေ စိတ်ညစ်နေတာမတွေ့ဘူးလား"

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Onde histórias criam vida. Descubra agora