၂-အတိတ်ည

178 30 0
                                    


" အိမ်ရှေ့က ဘယ်သူလည်း မေမေ "

" သည်းအဖေလေ ။ ဗန်းမော်မှာ အခြေအနေသိပ်မဟန်လို့ ဒီကိုခဏလာနေတာတဲ့ "
အန်တီမာလာ ပြောသည့်စကားအဆုံး၌ နွေက ဆေးနေလက်စနေ့လည်စာ
ပန်းကန်များအားလက်စသက်ကာ အပေါ်ထပ်သို့ခပ်သုပ်သုပ် တက်သွားလေ၏။

" နန်းဒေဝီနွေက အဲ့လိုပဲ သမီးရေ။ သူ့အဖေကို စကားမပြောဘူး "
အန်တီမာလာက သက်ပြင်းခပ်ရေးရေးလေးချလျက် ဝတီ့အားပြောရင်း
အိမ်ရှေ့သို့ထွက်သွား၏။
ခဏကြာတော့ ဦးလေးနှင့်အန်တီမာလာက အတူဝင်လာသည်။

" ဒါက ကိုထိုက်စိုးတို့ သမီးလေ အကို ။ ကိုထိုက်စိုးတို့က ရန်ကုန်မှာရောက်နေတော့
ကလေးကို ဒီခဏလာနေခိုင်းထားတာ"

" ဪ ကိုထိုက်စိုးသမီးလား "

"ဟုတ်ကဲ့ လေးလေး

ဦးဇော်မင်းထွန်းက ခေါင်းညိမ့်ကာ တစ်ချက်ပြုံးရင်း အန်တီမာလာနှင့်
အထုတ်အပိုးများသယ်ကာ အောက်ထပ်ရှိအခန်းထဲဝင်သွား၏။ အန်တီမာလာနှင့်
ဦးဇော်မင်းထွန်းကို အရင်က ဖေဖေတို့နှင့်အတူအလုပ်ကိစ္စတိုင်ပင်တိုင်း တွေ့ရတတ်၏။
နွေ့ကိုတော့ မိဘများနှင့်အတူ မတွေ့ရတတ်ပေ။
အန်တီမာလာက ခြေထောက်အရိုးအဆစ် အနည်းငယ်မကောင်းသည်ကြောင့်
အောက်ထပ် အခန်းမှာသာ နေ၏။
ဝတီ ၊နွေရှိရာ အခန်းကိုသာ တက်လာဖြစ်လိုက်သည်။
နွေကအခန်းထဲတွင်ရှိမနေပေ။ထုံးစံအတိုင်း ဝရံတာဘက်၌ ဆေးလိပ်ရှိုက်ဖွာနေခဲ့ပါသည်။

••••••••••••
••••••••••••

" နေဦး နန်းဒေဝီနွေ "

ခပ်တင်းတင်းခေါ်သံနှင့်အတူ နွေ့‌ေခြအစုံတို့မှာ အလိုလိုရပ်သွားရ၏။
ဒါဟာလည်း အကျင့်ပါနေပြီဖြစ်သည့် အကြောက်တရားတစ်ချို့ပင်ဖြစ်သည်။
မီးဖိုချောင်ထဲ သောက်စရာရေတစ်ချို့ဆင်းယူဖို့ရာအတွက်
မမြင်ချင်လည်း မြင်ရမည့် အဖေဖြစ်သူက ထမင်းစားစာပွဲရှေ့တွင်ထိုင်ကာ သတင်းစာဖတ်နေသည်။ကိုယ့်ကိုမြင်တော့ သတင်းစာဖတ်နေရာမှ မျက်နှာချင်းဆိုင်သို့ ထရပ်လာသည်။

" ဒါဘာအနံ့လဲ ။ နင်ဆေးလိပ်သောက်ထားတာလား "

နွေ လက်ဖျားခြေဖျားများပင်အေးစက်လာသည်။ သည်တစ်နေ့တာတော့သူ့အဖို့ အသက်ရှုမချောင်‌ေတာ့မည့် တစ်နေ့တာဖြစ်မည်ထင်သည်။

" မန်းတောင်ရိပ်ခို " ( COMPLETED )Where stories live. Discover now