အံ့သြစရာကောင်းလောက်အောင်ပင် သူ့ရဲ့တိုးတက်မှုကမိဘတွေပင်လက်ဖျား ခါခဲ့ရသည်အထိ။ တစ်လ
ပြည့်သွားသောနေ့မှာ သူငယ်တန်း မြန်မာစာ၊ အင်္ဂလိပ်စာ သင်ရိုးပြီးသွားခဲ့ပြီ။ ဗျည်း( ၃၃ ) လုံး အက္ခရာတွေကို သူကောင်းစွာရေးတတ်ဖတ်တတ်ပြီ။ အင်္ဂလိပ်စာ A to Z အထိ ရေးနိုင်ဖတ်နိုင်ခဲ့ပြီ။ သင်္ချာ ကိုလည်း အပေါင်းအနုတ် ရေတွက်တာတွေ သူရသင့်သလောက်ရခဲ့ပြီ။'' သမီးကလည်းကြိုးစားလို့ ၊ ဆရာမကလည်းတော်လို့ပါ၊ ဆရာမ ဒီညစာအိမ်မှာစားသွားပါနော်၊ စာသင်ပြီးရင် အားလုံး အဆင်သင့်ပြင်ဆင်ထားမယ်နော် ''
မေမေ စာသင်ခန်းဝ ကနေပြောသွားခဲ့သည်။ သူမက လိမ္မာကြိုးစားသော တပည့်တစ်ယောက်၏ ဆရာမတစ်ယောက်လို ကျေကျေ နပ်နပ်နှင့်ပြုံးနေခဲ့သည်။ ထမင်းစားခန်းထဲမှာ လူစုံတက်စုံ။ အဖေနဲ့အမေက စားပွဲထိပ်တစ်ဖက်တစ်ချက်မှာ နေရာယူကာ မောင်လေးနဲ့ညီမလေယက တစ်ဘက်ခြမ်းမှာ သူနှင့်သူမ က တစ်ဘက်ခြမ်းမှာ အတူတူထိုင်ရသည်မို့သူကျိတ်ပြီးပျော်သွားပါသည်။ အတုနေလာတာ တစ်လကျော်ခဲ့ပြီဆိုပေမယ့် မောင်လေးနဲ့ညီမလေးက သူတို့ဘာသာတစ်ပါတီသီးသန့်ခွဲခြားပြီးနေသည်။ သူ့ကိုအဏေးတယူမရှိလှ။ ခပ်စိမ်းစိမ်းနေကြသည်။ သူ့ကိုအထင်သေးသော သံသယရှိသေည မလိုလားသောမျက်ဝန်းများဖြင့်ကြည့်ကြသည်။ သူ့ရင်ထဲမှာ ထိခိုက်မိပေမယ့် အပြင်ပန်းကတော့ ဂရုမစိုက်ဟန် ဟန်ဆောင်ထားရသည်။ နှစ်ပေါင်းနှစ်ဆယ် ကွဲကွာပြီးမှ ပြန်တွေ့ရသော လူတစ်ယောက်ကို အစ်မ အဖြစ်လက်ခံဖို့ သူတို့အတွက်ခက်ခဲ ဝန်လေးနေလိမ့်မည်။ အမေကတောလ သူ့အပေါ်အရိပ်တကြည့်ကြည့် နှင့်ဂရုစိုက်နိုင်ဆုံးသော လူသားတစ်ယောက်ဖြစ်သည်။ အဖေကလည်း သူ့အလုပ်တွေနှင့် မအားလပ်သော်လည်း သူ့အတွက်တော့ တကူးတက အချိန်ရှာပြီး စကားစမြည်လာပြောတတ်ပါသည်။
စားသောက်ကြချိန်မှာ သူ့ထုံးစံအတိုင်း လောဘတကြီးအလုအယက် ပလုပ်ပလောင်း ပွစာကြဲနေတာကို သူမက မကြာခဏ လှည့်ကြည့်ပြီးမျက်လုံးတွေနှင့် သတိပေးသည်။ ပြီးတေညဘ သူ့နားကပ်ကာ အသံတိုးတိုးနှင့် စ သင်ပါတော့သည်။
ESTÁS LEYENDO
မရဲ့....မူပိုင်ရှင်
Historia Cortaအမှတ်တရသိမ်းထားချင်မိတဲ့ normalfic တွေကိုရောသမမွှေထားတာပါ အမှားပါရင်ခွင့်လွှတ်ပေးစေချင်ပါတယ်ဗျာ🙏🙏