Part 1

26.2K 959 11
                                    

အပိုင်း (၁)
ကျင်ကွမ်း မြို့မှပန်းများ
ချင်းမင် ပွဲတော်ကျင်းပရာကာလ နွေဦးအစတွင် မိုးစက်လေးများ ရွာသွန်းလျက်ရှိပြီး နန်း အိမ်တော်အတွင်းရှိ စိုထိုင်းအေးမြနေသော ထုံးကျောက်လမ်းတစ်လျှောက်အပေါ် ကြွေကျလာသော ပွင့်ဖတ်လေးများ ဖုံးလွှမ်းနေသည်။

အနောက်ဘက်ပြတင်းပေါက်မှတဆင့် မိုးရွာနေသောမြင်ကွင်းကို မျက်နှာမူကြည့်ရင်း ဝါးထိုင်ခုံပေါ်တွင်မှီကာထိုင်နေသော နန်းပေါင်ရီ သည် သူမ၏ နူးညံ့သေးငယ်သောလက်ကလေးကို မှင်သက်စွာငေးကြည့်နေသည်။

ရုတ်တရက် ကန့်လန့်အနောက်မှ အော်သံထွက်လာသာ်။

"ကျောင်းကျောင်း .. ဧည့်သည်က ဘွားဘွားရဲ့ဥယျာဉ်ထဲမှာထိုင်နေတယ်လေ .. ဒီမှာဘာလို့အိပ်နေတာလဲ ဘာဖြစ်နေလဲလို့သွားကြည့်ရအောင်လေ"

(T/N: ကျောင်းကျောင်း သည် နန်းပေါင်ရီ ၏ အိမ်နာမည်ဖြစ်သည်။)

ကျော့ရှင်းလှပပြီး ဖော်ရွေတတ်သော မိန်းကလေးတစ်ယောက်က ပြုံးလိုက်ပြီး နန်းပေါင်ရီ ၏ မျက်နှာကိုအသာဖျစ်ညစ်ကာ ...

"ဒီနှစ်ရက်ထဲမှာ ဘာလို့ဒီလောက်ထိ ပိန်သွားရတာလဲ .. အစေခံက ဂရုမစိုက်ဘူးလား"

နန်းပေါင်ရီ နှုတ်ခမ်းစူလိုက်ပြီး သူမ၏လက်ကိုပုတ်ထုတ်လိုက်သည်။

ပန်းပွင့်ပုံများနှင့် အနားကွပ်ထားသောကြေးမုံမှန်ထဲ ကြည့်လိုက်ချိန် ပန်းရောင်ကျောက်နှင့် ထုဆစ်ထားသည့်အလား ချစ်စရာကောင်းသော ၁၂နှစ်အရွယ် မိန်းကလေးတစ်ယောက်ပုံ ထင်ဟပ်သည်ကို တွေ့လိုက်ရသည်။

သူမစိတ်ထဲမှပင် သက်ပြင်းရှိုက်လိုက်သည်။ သူမထိမ်းမြားမင်္ဂလာမပြုခင်ရက်များတွင် ပြန်လည်ရောက်ရှိလာလျှင် ပိုကောင်းမွန်နိုင်သည်။ သို့သော် ကံတရားက မျက်နှာသာမပေး၊ သူမသည် အလွန်ငယ်ရွယ်သော ၁၂ နှစ်အရွယ်အဖြစ် ပြန်လည်ရှင်သန်လာခဲ့သည်။

......

တစ်ဝမ်းကွဲအစ်မခေါ်ဆောင်လာမှုကြောင့် ပန်းပင်များနှင့်ပြည့်နှက်နေသောဥယျာဉ်ထဲသို့ ရောက်လာပြီး ပန်းပွင့်နှင့်ငှက်ရုပ်ထွင်းထားသော စန္ဒကူးပန်းပုကားချပ်နောက်တွင်ပုန်းကွယ်နေရင်း ဥယျာဉ်အလယ်ထဲမှ ဖြစ်ပျက်နေသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now