(U)
Ep(24)Highlight~
ကောင်လေးရဲ့ပျော်ရွှင်မှုက သူ့ရဲ့ခံစားချက်အားလုံးနဲ့ တိုက်ရိုက်အချိုးနေတယ်။✰♪✰♪✰♪
တစ်ညလုံး အလင်္ကာရဲ့ အေးစက်စက်ဆက်ဆံမှုတွေအောက်မှာ နေပြီးသကာလ
မနက်ကျောင်းရောက်တာနဲ့ တစေ အရင်ဆုံးသွားရှာမိတာက Graceလင်းကိုပဲ။
Graceက ဘေးကခန့်ပိုင်နဲ့ စကားပြောလိုက် လက်နဲ့ရိုက်လိုက်နဲ့လုပ်နေသည်။
"ရှောင်ခန့် နင်ငါ့ကို ထပ်မစနဲ့တော့နော်"Graceပြောပြီးခဏမှာ သူတို့နှစ်ယောက်ရဲ့ ခုံကို တစေက လက်ချောင်းတွေနဲ့ နှစ်ချက်ဆက်တိုက်ခေါက်လိုက်သည်။
Graceက ဘာလဲဆိုတဲ့ပုံစံနဲ့ မော့ကြည့်တော့
တစေက နှုတ်ခမ်းတို့ကို ဟပြီးပြောလိုက်သည်။
"နင်မနေ့က ပြောတော့ စာရွက်ကအမှိုက်ပုံးထဲမှာ ရှိတယ်ဆို""ဟုတ်တယ်လေ ဘာလဲ ရှာလို့မတွေ့ဘူးလား"
တစေ ဘာတစ်ခွန်းမှပြန်မပြောဘဲ ခါးနှစ်ဖတ်ကို ထောက်ကာ မျက်ခုံးတွေ တွန့်ချိုးလျက် Graceကို စိုက်ကြည့်နေလိုက်သည်။
အဲ့အခါ Graceက ခပ်ဟဟလေး လှောင်ရယ်လိုက်ရင်း ခုံကနေ မတ်တပ်ထရပ်လိုက်သည်။
"နင်က အမှိုက်ပုံးတွေကို လိုက်ပြီးမွှေခဲ့တာလား
အဲ့စက္ကူလေးတစ်ရွက်အတွက်နဲ့လေ"ထိုစကားကို Graceက ခပ်ကျယ်ကျယ်လေးပြောလိုက်ရင်း သဘောကျစွာ ထရယ်ပစ်လိုက်တာဖြစ်သည်။
ပြီးတော့ တစေ့မျက်နှာကို သေချာစိုက်ကြည့်ပြီးပြောသေးသည်။
"ထိပ်တန်းမိသားစုကနေမွေးလာတဲ့ ပြိုင်ဘက်ကင်းကျောင်းသားက အမှိုက်ပုံးတွေကို လိုက်မွှေတယ်? အဲ့ဒါက ဘာနဲ့တူလဲသိလား"
Graceက သူ့ဟာသူမေးလိုက်ရင်း မျက်လုံးလေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ စဥ်းစားနေဟန်ပြုလိုက်သည်။
ပြီးတော့မှ အဖြေရသွားသလိုမျက်နှာလေးနဲ့ မေးကိုမော့လိုက်ကာ ပြောသည်။"ဥပမာအနေနဲ့ပြောရမယ်ဆိုရင် နွားနို့ကိုရေရောထားသလိုပဲပေါ့
နွားနို့ကတစ်ဝက် ရေကတစ်ဝက်ရောထားလို့ အရောင်အစင်းက အဖြူရောင်ပေါက်နေပေမယ့် တကယ့်တကယ်အရသာကျတော့ ရေ အတိုင်း ကြီးပဲလေ
ဟုတ်တယ်မလား စကားပုံနဲ့ပြောရမယ်ဆို စိန်နားကပ်အရောင်ကြောင့် ပါးပြောင်တာမျိုးပေါ့"