04

578 67 0
                                    

ဘုန်း!!!

" ဟင့် ဗြဲ! "

ပန်းခြံလို့ခေါ်လို့ရနိုင်တဲ့နေရာတစ်ခု ပန်းမျိုးများကသိပ်များများစားစားမရှိသော်လည်းသူ့နေရာနှင့်သူလှပစွာနေရာယူထားလျက်ရှိနေသည်။

မြေ ပြင်ပေါ်တွင်မြက်ခင်းစိမ်းများကနေရာယူလျက်စိမ်းစိမ်းလန်းလန်းရှိနေကြသည်။သို့သော်ပန်းခြံမဟုတ် 'Royal'ဆိုသည့်ရပ်ကွက်ကြီးတစ်ခု၏အလယ်ဗဟိုတွင်တည်ရှိနေသောနေရာတစ်ခု။ထိုနေရာ၏အရှေ့တွင် စံအိမ်ကြီးနှစ်အိမ်က ခမ်းခမ်းနားနားတည်ရှိလျက်နေလေသည်။

ထိုနေရာတွင် 9 နှစ်အရွှယ်ကလေးလေးသည်အော်ဟစ်ငိုကြွေးလျက်။အကြောင်းမှာ
မြေပြင်ပေါ်သို့အရှိန်ပြင်းစွာချော်လဲကျသွားသောကြောင့်။

" အဆင်ပြေရဲ့လား "

ခပ်ဖြူဖြူခြေထောက်တစ်စုံအားတွေ့ရသောကြောင့် လဲကျနေရင်းမှမျက်ရည်ဆဲ့လဲ့နဲ့
ထိုခြေထောက်ပိုင်ရှင်အားမော့ကြည့်လိုက်သည်။

သူ့အရွယ်ကောင်လေးတစ်ယောက်။
ထိုကောင်လေးကလက်ကမ်းပေးနေသောကြောင့်အမြန်ဘဲထိုလက်အားအိုးတစ်ကြီးပြန်ကိုင်ကာထရန်ကြိုးစားတော့သည်။

" မင်းကိုအရင်ကအတွေ့ဖူးဘူး... အခုမှပြောင်းလာတာလား "

" ဟင့်...ဟုတ်တယ် "

အငိုတိတ်သွားပြီဖြစ်သော်လည်း အရမ်းငိုထားခဲ့သောကြောင့် စကားပြောရင်းရှိက်သံကပါနေ
သည်။

" ဘယ်မှာနေတာလည်း "

" ဟိုအိမ်မှာ "

လက်သေးသေးလေးကညွှန်ပြနေတာကြောင့် ညွှန်ပြနေတဲ့ထိုနေရာအားကြည့်လိုက်တော့
ကျွန်တော့်အိမ်နားကပ်ရက်လမ်းတစ်ခုဘဲခြား
တဲ့စံအိမ်နောက်တစ်ခု။

" သြော် "

" မင်းနာမည်က "

" ပတ်ဆောင်းဟွန်း "

" မင်းကကော "

" ရှင်းဂျယ်ယွန်း ..."

ပထမဆုံးတွေ့ဆုံခြင်းမှာထဲက ကျွန်တော်ရင်ခုန်နေပါပြီ။ငယ်ရွယ်သေးတဲ့အသက်အပိုင်းအခြားတစ်ခုတွင်ကျွန်တော်ဟာရင်ခုန်တတ်နေပြီဆိုတာ ဘယ်သူကယုံမှာလည်း။

ဆောန်Where stories live. Discover now