2

261 32 11
                                    

Unicode ver.

မနက်ခင်း နှိုးစက်မြည်လာတဲ့အခါ Jeno အိပ်ရာထဲ အရင်ကလို ပြန်ခွေမနေတော့ဘဲ ချက်ချင်းထလိုက်သည်။ လေ့ကျင့်ခန်း ၁၀ မိနစ်လောက်လုပ်ပြီး ရေချိုးကာ ကျောင်းသွားဖို့ပြင်လိုက်သည်။

ကျောင်းသွားဖို့ ပြင်ဆင်ပြီး ဆင်းလာတော့ အမေက မနက်စာပြင်ဆင်နေတုန်းဖြစ်သည်။ စောစောထလာတဲ့ သူ့ကို မြင်တော့ အမေက အထူးတဆန်းကြည့်လေသည်။

*အိုး အစောကြီးနိုးနေတာပဲ ကျောင်းအစောကြီးသွားမလို့လား*

*မနှစ်က အတန်းပိုင်ဆရာက ခေါ်ထားတယ်ဆိုလို့ စောစောသွားရမယ် အမေ*

*ဟုတ်လား အမေက အခုမှ မနက်စာ ပြင်တုန်းရှိသေးတယ်*

*ရတယ် ကျောင်းရောက်မှပဲ တစ်ခုခု စားလိုက်တော့မယ်*

*အင်း အဲ့လိုလုပ်လိုက်တော့နော် မနက်စာ မစားဘဲနဲ့တော့ မနေနဲ့နော် Jeno အမေ ခဏနေမုန့်ဖိုးလွှဲပေးလိုက်မယ်နော်*

*ဟုတ် ဒါဆို သား သွားတော့မယ်နော်*

*အင်း ကောင်းကောင်းသွား စက်ဘီးကို ဖြေးဖြေးနင်းနော် Jeno*

*ဟုတ်ကဲ့ အမေ* လို့ Jeno ပြန်ဖြေပြီး အမေ့ပါးကို နမ်းကာ ကျောင်းသို့ လာခဲ့လိုက်သည်။

ကျောင်းနားရောက်ဖို့တစ်နေရာမှာ တစ်ယောက်တည်း ကျောင်းသို့လာနေတဲ့ Renjun ကို တွေ့တော့ စက်ဘီးအမြန်နင်းသွားလိုက်ပြီး Renjun ဘေးမှာ ရုတ်တရက် ရပ်လိုက်သည်။

အရှိန်နဲ့ မောင်းနေရင်းက ရပ်လိုက်တာကို Renjun လန့်သွားပုံရသည်။ ဘေးက ပလက်ဖောင်းပေါ် ဖင်ထိုင်ရက် ပြုတ်ကျလေသည်။ Jeno ပြုတ်ကျသွားတဲ့ ကောင်လေးကို ကြည့်ပြီး အားနာသွားရသည်။ နဂိုတည်းကမှ အလိုလို သူ့ကို ကြောက်နေတဲ့ Renjun က အခုတော့ ပိုပြီး လန့်နေသလိုပင်။

*အဆင်ပြေရဲ့လား*

Jeno မေးလိုက်တော့ လဲနေရာက ပြန်ထလာပြီး ခေါင်းညိတ်ပြလေသည်။

*ငါက မင်းတစ်ယောက်တည်း တွေ့တာနဲ့ ရပ်လိုက်မိတာ*

ဘာစကားလုံးမှ မထွက်လာဘဲ ခေါင်းသာ တွင်တွင်ညိတ်ပြနေလေသည်။

κι εγω σε αγαπω [NoRen]Where stories live. Discover now