Chapter [1]

548 38 1
                                    

I want you listen to my recommendation song while you reading^^

Unicode

"မာမီ့သားလေးရေ ထတော့နော်… နိုးနေပီလား သား?
ဆက်မအိပ်နဲ့တော့နော် အခုမထရင် မင်းနောက်ကျတော့မှာ''

Mrs.Lee တစ်ယောက် သူမရဲ့ အအိပ်မက်လွန်းတဲ့သားကို အခန်းရှေ့မှနှိုး‌နေခြင်းဖြစ်သည်။
သူမကသာ အားသွန်ခွန်စိုက် နှိုးနေပေမဲ့ အခန်းထဲက  သားတော်မောင်ကတော့ ခုထိတုတ်တုတ်မျှ မလုပ်သေးပေ။

"ညထဲက နှိုးစက်ပေးထားမယ် ပြောလို့ မာမီလာမနှိုးတာလေ ခရီးသွားရမဲ့ဟာကို အဲ့လောက်နောက်ကျလို့ ဘယ်ကောင်းမလဲ ဟီဆွန်း…ထလိုက်တော့နော် မာမီစိတ်တိုလာပီ!!''

" ထပီလို့ မာမီရေ!
ညက game ဆော့တာနောက်ကျသွားတဲ့ကြားထဲ အိမ်မက်ကထပ်မက်ပြန်တယ်‌လေ''

Mr.Lee ရဲ့ တတွတ်တွတ်စကားသံတွေကို မကြားနိုင်တော့တဲ့အဆုံးမှ ဟီဆွန်းတစ်ယောက် စောင်အလုံးအထွေးတွေကြားက မနဲထိုးထွက်လာကာ နီရဲရဲ ဆံသားတွေကို ဆွဲဖွလိုက်ရင်း သက်ပြင်းသာ ချမိသည်။

"ဒီမရှင်းမလင်း အိမ်မက်ကြီး ထပ်မက်ပြန်ပီ ဟူးးး''

တကယ်တော့ ဟီဆွန်းဟာ ဒီနေ့မှာ ကျောင်းကအဖွဲ့နဲ့ လေ့လာရေးခရီးသွားရမှာဖြစ်သည်။   Major က Archeology  ဖြစ်သည့်အလျှောက် စိတ်၀င်စားစရာမကောင်းတဲ့ ရှေးဟောင်းနေရာတွေကို လေ့လာရေးခရီးသွားပြီးစာတမ်းပြုစုကတာဟာ မကြာခနဖြစ်သည်။သို့သော်လဲ ရှုတ်ရှုတ်ယှက်ယှက်မကြိုက်တဲ့ ဟီဆွန်းကတော့ လိုက်လေ့မရှိပါ…

သို့သော် ဒီတစ်ခေါက်တော့ သူငယ်ချင်းတွေရဲ့ အတင်းခေါ်ဆိုမှုကြောင့်ရော သူကိုယ်တိုင်လဲ စိတ်အပြောင်းအလဲဖြစ်အောင် တစ်နေရာရာ သွားချင်နေတာကြောင့် လိုက်ခဲ့ခြင်းဖြစ်သည်။
ကံကြမ္မာကပဲ တမင်အကြောင်းဖန်လာတာလား တော့ ဘုရားသခင်ပဲ သိနိုင်လိမ့်မည်ဖြစ်သည်။

"ဖေကြီးရေ ကျွန်မတို့သားက သိပ်ကိုချောလွန်းတာမဟုတ်ဘူးလား''

"ဒါပေါ့ကွ ကိုယ့်သားပဲကို''

"ကျွန်မဖြင့် သားကိုစိတ်တောင်မချနိုင်တော့ဘူး''

FATE Where stories live. Discover now