မောင့် အချစ်တွေကို မင်းတန်ဖိုးမထားဘူး။
မင်းရဲ့ရွေးချယ်မှုတိုင်းကလဲ မောင် မဟုတ်ဘူး။
မောင့် ကိုလဲ မင်းတကယ်မချစ်ဘူး။
ဘယ်လောက်ထိပေးဆပ် ပေးဆပ် မင်းအငြိုးတွေမပြေနိုင်ဘူး။
တယ်လဲရက်စက်တက်တဲ့ Tae
စတွေ့ဖူးတုံးက Kim Taehyung ကိုလွမ်းလိုက်တာ။မောင် တို့တွေ တချိန်ကအရမ်းချစ်ခဲ့ကြတယ်မဟုတ်လား Tae ။
ကျေးဇူးပြုပြီး မောင့် ကိုအရင်ကလိုပြန်ချစ်ပေးနိုင်မလား မောင် နောက်တစ်ကြိမ်ထပ်မမှားတော့ပါဘူး။
မောင့် အပြစ်တွေကို သိပီးနောင်တရပြီမို့ မောင့် ဆီပြန်လာပေးပါ Tae မင်းကိုအရမ်းလွမ်းတာပဲ။
မင်းကလွဲပြီးနောက်ထပ်မချစ်နိူင်တော့ဘူး။
Jeon Jungkook
ချစ်ခဲ့တယ် အရမ်းကိုချစ်ခဲ့တယ် ဘာမှမမြင်တော့တဲ့အထိ။
ယုံကြည်ခဲ့တယ် ဘယ်သူဘာပြောပြော ခေါင်းထဲမထည့်တဲ့အထိ ယုံကြည်ပေးခဲ့တယ်။
နားလည်ပေးခဲ့တယ် ထယ့်ကို အမြဲတမ်းပြသနာရှာ ထယ့်ကို အမြဲတမ်း ဆူဆဲတက်တဲ့မောင့်ကို မျှော်လင့်မိခဲ့တယ် မောင် နဲ့ပဲလက်တွဲပြီး ဘဝတစ်ခုထူထောင်ဖို့။
အမှားတွေ ဆက်တိုက်လုပ်နေတဲ့မောင့် ကို အကြိမ်ကြိမ်ခွင့်လွှတ်ပေးခဲ့တယ်။
ဒါမျိုးတွေ ထပ်မလုပ်ပါနဲ့တော့လို့လဲ အကြိမ်ကြိမ် သတိပေးခဲ့ဖူးတယ်။
အကြိမ်ကြိမ် သူများရှေ့မှာ အရှက်ကွဲဖူးတယ်။
ကိုယ့်ဘက်မရှိတဲ့ချစ်သူမျိုးကို ဆက်ချစ်ဖို့ အင်အားမရှိဘူး Jungkook