Part >> 16
" ရှောင်းကျန့် ကျားယို့ ကြိုးစားနော် နိုင်အောင်လုပ် "
" နိုင်ရင် ဘာပေးမှာလဲ "
" နိုင်ရင် အားဝါး အကြီးကြီးပေးမယ် လောလောဆယ် အမြည်းယူ မွ အဟိ "
ဒီနေ့ရိပေါ်ရဲ့ပုံစံလေးသည် အပြစ်ကင်းတဲ့ကလေးလေးတစ်ယောက်လိုပင် အရင်လို ဂျစ်တိုက်တဲ့ စွာတေးလန်ပုံလေးမဟုတ် ချစ်ဖို့အရမ်းကောင်းနေ၏။
" ရိပေါ် ချစ်ဖို့အရမ်းကောင်းနေတယ်ကွာ ကိုယ်အူယားလာပြီ ပြွတ်စ် "
ရိပေါ်ရဲ့ခါးသိမ်သိမ်လေးကို ဆွဲယူကာ နှုတ်ခမ်းလေးကို ငုံစုပ်လို့ တတိတိ ကိုက်ကာ နမ်းလာတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်မှာ အသက်ရှုကြပ်လာကာ လွှတ်ပေးဖို့ ရှောင်းကျန့်ရဲ့ ရင်ဘတ်အကျယ်ကြီးကို ရိုက်နေရတယ်။
" အွန့် အင့် ...ပြွတ် အ့ဟာ့ "
" ဖြေးဖြေးနမ်းလည်းရတာကို ထွက်ပြေးမှာကျလို့ "
ရှောင်းကျန့်က နမ်းတာကိုရပ်ပေးတော့ ရိပေါ်ကမျက်စောင်းလေးဝင့်ကာပြောတယ် ။ ရှောင်းကျန့်ကသဘောကျစွာရယ်လို့ ရိပေါ်ခေါင်းလုံးလုံးလေးကို ဆွဲဖွလို့ကျီစယ်ပြန်တယ်။ သူ့စိတ်ထဲဒီနေ့ရိပေါ် နည်းနည်းထူးဆန်းနေသလိုပဲ ။
ရိပေါ်သိသည် ဒီနေ့သူ့ပံုစံသည်နည်းနည်း ထူးဆန်းနေမည်ဆိုတာ ။ ညက ယွီပင်းနဲ့ကြီးကြီးသည် ရိပေါ်အား ရန်စလာသည်လေ
Flash back start ______
" အမလေး ယွီပင်းရယ် အစားစာတာကအစ ချစ်ဖို့ကောင်းလိုက်တာ တစ်စုံတစ်ယောက်နဲ့များကွာပါ့ "
" ဟုတ်ပါ့ ကြီးကြီးရယ် သူ့လူအစားတွေးပြီးတောင်စိတ်မကောင်းဖြစ်မိတယ် ကျောက်တိုင်နဲ့ရည်းစားဖြစ်နေရလို့လေ "
ယွီပင်းစကားအဆုံး ရိပေါ်တို့ထမင်းဝိုင်းလေးက ရယ်သံတွေအပြည့်နဲ့ ဒါပေမဲ့ ရိပေါ်ကတော့မရယ်နိုင်ဘူး ယွီပင်းပြောတာ သူဆိုတာသိပြီးသားမို့။ ကြီးကြီးကလည်း တစ်ခစ်ခစ်နဲ့သဘောတွေ့လို့ ယွီပင်းကလည်း ဖက်ထုပ်တွေကို တူနဲ့ညှပ်ကာ ပါးစပ်ထဲတစ်ခုပြီးတစ်ခုထည့်ကာ အမြင်ကပ်ဖို့ကောင်းအောင်စားပြလာသည်။