part.1

1.2K 66 15
                                    

           "ရှောင်တိုင်းပြည်အား ရှောင်မင်သားလက်ထံ ပြန်လည်အပ်နှင်းလိုက်သည် တိုင်းပြည်ကို မင်းသားစိတ်တိုင်းကျ စီမံခန့်ခွဲစေ"

         အရှင်ကလေ....အပိုင်ပေးပြီးသားအရာတွေကို  ကျွန်တော်ပျော်ရွှင်မှုအတွက် ပြန်ပေးနေသေးတယ်....

       အရှင့်ကိုယုံကြည်ကိုးစားပြီး အပ်နှင်းထားတဲ့တိုင်းပြည်ပါ...ဂုဏ်သိက္ခာအတွက်ပြန်ပေးတာဆိုရင်တောင် အရှင်နဲ့ပတ်သတ်ရင် ဤအရာတွေက ပါမွှားများသာ....

       "မလိုချင်ဘူး"

       အမိန့်စာကို  မင်းကြီးထိုင်နေတဲ့ ပလ္လင်ရှေ့က စားပွဲပေါ်ပစ်ချရင်း  မျက်စောင်းထိုးပြီးပြောလိုက်သည်။

     "ကိုယ်တော့် အချစ်တွေကိုရော"  မျက်နှာငယ်လေးဖြင့် ပြောလိုက်သောမင်းကြီး...

     တစ်စိတ် ဒီနှစ်ယောက်က ညီလာခံမှာ ဘာတွေလာလုပ်နေကြတာလဲ ရှင်ဘုရင်မို့သာပေါ့ မဟုတ်ရင် အမတ်ကြီးတွေက ညီလာခံက ကန်ထုတ်ပြီးပြီ မတတ်သာတော့လည်း သူတို့ရှို့တာ မတ်တပ်ရပ်ကြည့်ရုံပေါ့ ထိုင်လို့လည်းမရပြန်ဘူး...ရှုပ်လိုက်တာ နန်းတွင်းစည်းမျဥ်းတွေ။

       "အရှင်ကလည်း အဲ့ဒါတော့ လိုချင်တာပေါ့ ဒါပေမယ့်..."

      အရှင်က ဆက်ပြောဖို့ခွင့်မပေးပဲ သူနှုတ်ခမ်းလေးထက်ကို လက်ညိုးလေးတင်ပြီး ပိတ်လိုက်တယ်...

     ဒုတ်..ဒုတ်...ဒုတ်...နှလုံးခုန်သံတွေက ကျယ်လွန်းလို့  နန်းဆောင်ကြီးတောင်ပွင့်ထွက်မလားပဲ....

    အရှင်နဲ့ပတ်သတ်ရင် ရှောင်းကျန့်ရဲ့နှလုံးသားက အသေးအဖွဲ့လေးကစ အဖြစ်သည်းပါသည်။

      "ကိုယ်တော်ရဲ့ ချစ်သက်လက်ဆောင်အဖြစ်သဘောထားပြီးယူလိုက်ပါ...ကိုယ်တော်က ချစ်သောရဲ့ ဘ၀ကိုခြယ်လှယ်ခဲ့ဖူးတာမို့  ချစ်သော  ပိုင်ဆိုင်တဲ့အရာကိုတွေကိုပြန်ပေးချင်ရုံပါ  တစ်စုံတစ်ယောက်ကလွဲရင်ပေါ့ ကိုယ်တော်.."

      ချစ်သောတဲ့ အရှင်ကပေးတဲ့ နာမ်စားမှန်သမျှကို  အပယ်ခံနန်းဆောင်သခင်က မြတ်နိုးတန်ဖိုးထားပါသည်။တစ်နည်းအားဖြင့် အရှင့်ရဲ့သခင်ကပေါ့......

You've reached the end of published parts.

⏰ Last updated: Apr 10 ⏰

Add this story to your Library to get notified about new parts!

အပယ်ခံနန်းဆောင်သခင် S-2Where stories live. Discover now