Ones in the Millions (Part-35)
'ညနေ အစည်းအဝေး ပွဲက ဘယ်ချိန်လဲ?´
Minho တစ်ယောက် Cora အား File ကမ်းပေးလိုက်ရင်း မေးလိုက်လေသည်..။
'5:00´
'အမှီ ပြန်လာခဲ့ မယ်.. အခု ငါ ကိစ္စ ရှိလို့ အပြင်ခဏ သွားဦးမယ်..´
'Oppa...´
Cora ၏ ခေါ်သံကြောင့် တံခါးလက်ကိုင် အား ဆွဲဖွင့် ရန် ကြံနေသော Minho တစ်ယောက် ရုတ်တရပ် ရပ်သွားလေသည်..။
'အလုပ်ချိန်မှာဆို Oppa လို့ မခေါ်နဲ့ လို့ ပြောထားတယ်လေ..´
'အဲ့တာက အရေးမကြီးပါဘူး.. အရေးကြီးတာက Oppa Miyoung ကိစ္စ ကို ဘယ်လို လုပ်မှာလဲ?´
'ဘာကို ဘယ်လို လုပ်တာ လဲ?´
Minho လဲ Cora ဘက်လှည့်ကာ မေးလိုက်လေသည် ။
'Oppa ဒီတိုင်း နေလို့ မရဘူးဆိုတာ သိလား..?´
'......´
'Oppa အဲ့ မိန်းမ ကြောင့် ခံစား နေရတာ မကြည့်ရက် လို့ ပြောနေတာ..´
'တော်တော့ကွာ...´
'Miyoung အသက်ရှင်နေသေးတယ် ဆိုတာ Oppa မိဘ တွေ သိလား..?´
'.......´
'သူတို့သာ သိသွားရင် Miyoung ကို ဘာလုပ်မလဲ မပြောနိုင်ဘူး..´
'.......´
'Oppa ကို Miyoung နဲ့ သဘောတူ ဦးမယ် ထင်နေလား? သူလုပ်ခဲ့လို့ Oppa တို့ မိသားစု တစ်ခုလုံး ရစရာ မရှိ ဖြစ်ခဲ့ပြီးပြီ..´
'......´
'Oppa ဒီလိုသာ ဆက်ခေါင်းမာ နေဦးမယ် ဆိုရင် Oppa မိဘ တွေကို Miyoung အသက်ရှင်နေကြာင်း ပြောပြလိုက်မယ်..´
'Jung Cora!!!´
'ဒါတွေ အကုန်လုံး က Oppa ကို ချစ်လို့ ပြောနေတာ..Miyoung ကို..´
'Cora ah..´
Minho , Cora ဆီ လျှောက်သွားကာ တစ်လုံးချင်းဆီ ပြောလိုက်လေသည် ။
'မင်း ငါ့ကို ဆိုးရိမ် နေတယ် ဆိုတာ သိတယ်...´
'.....´
YOU ARE READING
Ones in the Millions(Hiatus)
RomanceSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...