Unicode ver.
Renjunကို စဥ်းစားခိုင်းပြီး တစ်ပတ်ကျော်ကြာတော့ Jeno အဖြေကို မေးသင့်၊ မမေးသင့် တွေဝေနေမိသည်။ အဖြေက မကောင်းတဲ့အခါ သူအဆင်ပြေပါ့မလား။
အအေးသောက်ရင်းနဲ့ တမှိုင်မှိုင် တတွေတွေ ဖြစ်နေတဲ့ Jeno ကြည့်ရင်း Haechan နဲ့ Jaemin ပါ မှိုင်ချင်လာသည်။
*Jeno မင်းဘာဖြစ်နေတာလဲ*
Jaemin မေးတော့ သူမပြောဖြစ်ဘဲ လျှိုထားတဲ့ ဒီအကြောင်းတွေကို ကုန်စင်ပြောပြလိုက်သည်။ Jeno လည်း ပြောပြီးရော
*ဝှါး ဒီ Lee Jeno ငါတို့ကို ပြောတော့ လူကြီးတွေဆီက ဖုန်းဝင်လာလို့ပါဆိုပြီး*
*ဟုတ်ပါ့ တကယ်ပဲ ငါတို့ကို မပြောပဲ*
သူ့ကို ပြောဆိုနေတဲ့ သူငယ်ချင်းတွေကို Jeno ပြန်အဖက်မလုပ်နိုင်။ သူ့စိတ်ထဲ မေးသင့် မမေးသင့်ကသာ ကြီးစိုးနေသည်။
*မင်းတို့ ပြောချင်ရင် နောက်မှ ဆက်ပြောကွာ အခုတော့ ငါမေးသင့်လား၊ မမေးသင့်ဘူးလား Renjun ကို*
*မေးသင့်တယ်*
*မမေးသင့်ဘူး*သူငယ်ချင်းနှစ်ယောက်ဆီက အဖြေနှစ်မျိုးရလာသည်မို့ Jeno အရမ်းပျော်မိပါသည် နှစ်ယောက်ကတော့ သူ့အစား မေးသင့်တယ် မမေးသင့်ဘူနဲ့ အငြင်းပွားနေလေသည် အစုတ်ပလုတ်လေးတွေ
Jeno အတွေးပြတ်အောင် ဖုန်းကို ထုတ်ကြည့်တုန်း ကန်တင်းထဲကို ဝင်လာတဲ့ Renjun။ တစ်ယောက်တည်း ဝင်လာတာမို့ ဒါကိုမြင်တဲ့ Haechanက လှမ်းခေါ်တဲ့အခါ စဥ်းစားခိုင်းတဲ့ Jeno က မနေတတ်။
တစ်ဖက်မှာ နှစ်ယောက်စီ မျက်နှာချင်းဆိုင် ထိုင်ရတဲ့ စားပွဲမို့ Renjun ရောက်တဲ့အခါ လွတ်နေတဲ့ Jeno ဘေးသာ ဝင်ထိုင်လိုက်သည်။
*နေ့လည်စာ လာစားတာလား Renjun တစ်ယောက်တည်းလား*
*နေ့လည်စာစားချိန် နေ့လည်စာမစားလို့ ဘာလာလုပ်ရမှာလဲ တစ်ယောက်တည်းမြင်နေတာကို သက်သက်မဲ့မေးနေသေးတယ်*
Haechan မေးတဲ့ ဒီအမေးကို Renjun ဖြေတယ်ထင်ရင်တော့ မိတ်ဆွေမှားသွားပါပြီ။ Renjun ဘေးမှာ ထိုင်နေတဲ့ Jeno ရဲ့ အဖြေတွေပါ။
Jeno အဖြေကို Haechan က ဒေါသထွက်ပြီး ပြောဆိုနေပေမယ့် Renjun ကတော့ ရယ်မိသည်။