ရှောင်းကျန့်တစ်ယောက် နယူးယောက်ကိုရောက်တာနဲ့ သူ့ရဲ့ဟိုတယ်ကို တန်းသွားသည်။အချိန်တော်တော်ကြာစီးလိုက်ရတာမို့
သူပင်ပန်းပြီးနားချင်နေသည်။သူဟိုတယ်ရောက်တော့ မားကစောင့်နေသည်။"Hello my son!!"
ဆိုပြီး သူ့ကိုပြေးဖက်လာသည်။ရှောင်းကျန့်လဲ ပြန်ဖက်လိုက်ပြီး
"မားက သားကိုစောင့်နေတာလား"
"ဒါပေါ့ သားရဲ့ လာ သွားရအောင်"
"ဟုတ်"
ရှောင်းကျန့်တို့ထွက်သွားတော့ Receptionက ကောင်မလေးတွေကငေးနေကြသည်။ပြီးတော့မှ
"ချောလိုက်တာဟယ် အရပ်ကလဲ အရှည်ကြီးပဲ"
"အေးနော် ဒီလောက်ချောတာကို ရည်းစားတွေဘာတွေမရှိတာ တကယ်အံ့ဩတယ်"
"ဟုတ်ပ ငါ့အိမ်မက်ထဲက မင်းသားလေးပဲ ဟီး ဟီး"
"ရယ်မနေနဲ့ မလှဘူးသိလား"
"ဟာ ဂျာကြီးကလဲ သူများကိုနော်"
"ဟိုက ဒီလောက်ချောတာ မကြိုက်တဲ့သူရှိပါ့မလား ကဲ တော်ပြီ နင်တို့ကိုပြောတာမောတယ် သွားတော့မယ်"
ရှောင်းကျန့်ရဲ့အ၀တ်အိတ်ကိုတော့ မန်နေဂျာကသယ်ပေးလာသည်။တတိယထပ်ကိုရောက်တော့ မိန်လီလီက သူမရဲ့အခန်းကို ဖွင့်လိုက်ပြီး
"ကဲ သားထိုင်ဦး မန်နေဂျာ အခန်းလွတ်သေးလား"
"ဟုတ်ကဲ့ တစ်ခန်းလွတ်ပါတယ်"
"အင်း ဒါဆိုလဲ အဲ့အခန်းသော့ကို လာပေး"
"ဟူတ်ကဲ့ပါ"
သူမလဲ မန်နေဂျာကိုပြောပြီးတာနဲ့ သူ့သားကို ကြည့်လိုက်တော့ ဆိုဖာကိုနောက်မှီပြီး နေ,နေသည်။
"ပင်ပန်းနေတာလား သား"
"ဟုတ်တယ် မားရေ ခရီးမထွက်ရတာကြာတော့ လေယာဉ်စီးရတာက ပင်ပန်းတယ်"
"အေးပါ နေဦး မား အအေးတိုက်မယ်"
"မားရွဲ့ပြောနေတာလား ဒီလောက်အေးနေတာကို ဒီသားလေးတစ်ယောက်ရှိတာ သေစေချင်နေတာလား"