Ch 10 ( He's mad at me)

5.9K 582 35
                                    

*ပြွတ်စ်*

*အွန့်*

ဂျီဟျွန်းသည် ယွန်းဟွာ၏အပေါ်နှုတ်ခမ်းလေးကိုစုပ်နမ်းလိုက်ခြင်း။ရုတ်တရက်ဆိုသလိုထမင်းစားခန်းထဲတွင်တိတ်ဆိတ်သွားကာ ယင်ကောင်ဖြတ်ပြေးသံကိုပင်ကြားလိုက်ရလုနီးနီး....။

အီထယ်သည်လဲ ကြောင်အကာ လက်ထဲမှပေါင်မုန့်ပင်အောက်သို့ပြုတ်ကျသွားသည်။ဗြောင်ထယ်ဆိုလဲ ပါးစပ်ကြီးဟကာ ပြူးကြည့်နေလေသည်။အဓိက တရားခံ ဂျီဟျွန်းလေးကတော့မသိချင်ယောင်ဆောင်ကာ ကော်ဖီခွက်ဆီလက်လှမ်းရင်း

"မမ နှုတ်ခမ်းမှာခရင်မ်တွေပေနေတာလေ..အာ့ကြောင့် သားက နှမြောလို့ စားလိုက်တာ..."

*PFB 60% တိုးတက်*

*PFB 70% တိုးတက်*

*LP 50% တိုးတက်*

'ဒီကလေး! ငါ့ကိုနမ်းရတာအဲ့လောက်တောင်ကြိုက်တာလား...အား...ချစ်ဖို့ကောင်းလိုက်တာ!!!'

သူမလဲ ဂျီဟျွန်းလေးရှက်မှာစိုး၍မသိချင်ယောင်ဆောင်ကာ

"အဟမ်း...ခရင်မ်က စားလို့ကောင်းကြတယ်မလား...ထည့်စားကြလေ..."

သူမက လီဗြောင်ထယ်ကိုဦးတည်ပြောလိုက်သော်လဲ လီဗြောင်ထယ်စားနေသည်က စီချွမ်ခေါက်ဆွဲစပ်စပ်တစ်ပွဲ။

အီထယ် ; =_=

ဗြောင်ထယ် ; (*_*)

ဂျူဟာ ; သူ...သူစားနေတာက စီချွမ်ခေါက်ဆွဲကြီးလေ...

ထိုအခါ ဂျီဟျွန်းက ဝင်၍

"စီချွမ်ခေါက်ဆွဲစားရင်း စပ်လာရင် အချိုမစားပဲနေမှာမို့လို့လား..."

အီထယ်ကလဲ ထိုအခါမှ

"အေးလေ..ငိုးကောင်..ငါ့ညီမက ပြီးရင် မင်းအာပြဲကြီးနဲ့အော်မှာကို မခံစားနိုင်လို့ပြောနေတာနေမှာပေါ့..."

"ဘောကို အာပြဲ...."

ဒီလိုနှင့်ပင် မနက်စာစားပွဲလေးကပြီးဆုံးသွားတော့သည်။စားပြီးသည်နှင့် ယွန်းဟွာသည် ဂျီဟျွန်းလေးကို ချီကာ ဧည့်ခန်းထဲသွားရန်ပြင်လေသည်။ထိုအခါ အီထယ်က

"ငယ်လေး...ကိုကြီး ဗြောင်ထယ်နဲ့စာလုပ်လိုက်ဦးမယ်...ငယ်လေးလိုအပ်တာရှိရင် ပြောနော်...အာ ပြီးတော့ ဂျူဟာကလဲ ငယ်လေးနဲ့အတူစာလုပ်ချင်လို့တဲ့ နောက်၂ရက်နေရင်လဲ ကျောင်းပြန်ဖွင့်တော့မှာဆိုတော့လေ..."

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Tempat cerita menjadi hidup. Temukan sekarang