မီးသဂြိုလ် ရေစက်ချ ရက်လည် အလှူလုပ်ပြီးတော့ ရန်ကုန်ပြန်ဖို့ July 18 ညနေ
သံတွဲကနေ အလုပ်ကစီစဥ်ပေးတဲ့ ကားနဲ့
ပြန်လာခဲ့တယ်အိမ်ပြန်ရောက်တော့ လူကလုံးဝ အားမရှိတော့သလို ဘာမှလုပ်ချင်ကိုင်ချင်
စားသောက်ချင် စိတ်တွေလည်းမရှိတော့ဘူး
အဖေ့ပုံလေးကို ကြည့်ပြီး အဖေ့ အင်္ကျီလေး
တွေကို ရင်မှာပိုက်ငိုနေခဲ့တယ်
အဖေက နေ့တိုင်း diary ရေးတတ်တဲ့သူ
2017 အတွင်းမှာတော့ သူကျန်းမာရေး
သိပ်မကောင်းလို့ တချို့ရက်တွေမှ
ရေးဖြစ်တယ်ထင်တယ်
အိမ်ကိုပြန်ယူလာခဲ့တဲ့ အထဲမှာ
အဖေ့ diary စာအုပ်လေးက ကျမအတွက်
တန်ဖိုးအရှိဆုံးပါစပြီးဖွင့်ဖတ်မိတာနဲ့ သူ့ရဲ့ မိသားစုအပေါ်
ချစ်ခင်တွယ်တာပုံတွေ အလုပ်ကြိုးစားမှုတွေ
အိမ်ကို အမြဲလွမ်းတဲ့အကြောင်းလေးတွေကို
သေချာ ရေးထားတာတွေ့တယ်
အဖေက သူပင်ပန်းတာတွေ မိသားစုရှေ့မှာ
ထုတ်မပြပေမယ့် ကျမနားလည်ခဲ့ပါတယ်
အိမ်ထောင်ဦးစီး ဖခင်ကောင်း တစ်ယောက်
ဖြစ်ခဲ့ပြီး တာဝန်ကျေပွန်ခဲ့လို့ အရမ်း
လေးစားမိတယ်သူ့ရဲ့နွေးထွေးတဲ့မေတ္တာတွေနဲ့ ဂရုစိုက်မှု
တွေကိုဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး
ကျမ အသက်18နှစ်ထိ ကျွေးမွေးပြုစု
စောင့်ရှောက်ပေးခဲ့တဲ့ ဖေဖေ့ကို ကျေးဇူး
ပြန်ဆပ်ခွင့်မရလိုက်ပေမယ့် ကျန်သေးတဲ့
အမေနဲ့မောင်လေးအတွက် ကျမက
သမီးကြီးမလို့ အိမ်ထောင်ဦးစီးတာဝန်
ယူရတော့မယ်၂ပတ်အကြာထိ ကျမ အခန်းထောင့်လေးမှာ
အဖေ့ကို သတိရရင်း စိတ်လေနေခဲ့မိတယ်
အဖေ့အလုပ်က လူကြီးတွေ အိမ်ရောက်လာပြီး အမေ့ကို ကျမအတွက် အလုပ်ပေးမယ်
ဆိုတဲ့ အကြောင်းကြားခဲ့လို့ အမေက
ကျမကိုနားလည်လက်ခံအောင် သေချာ
ရှင်းပြ တယ် ဒီတိုင်းနေနေရင် ဘဝအတွက်
မတိုးတက်နိုင်ဘူး အလုပ်လုပ်နေရင်တော့
စိတ်နည်းနည်းသက်သာမယ် ဝင်ငွေအတွက်
လည်းမပူရတော့ဘူးပေါ့
ကျမလည်း အမေ့စကားကိုမလွန်ဆန်ခဲ့ဘူး
နားလည်သဘောပေါက်တယ်
အလုပ်ဆိုတာ အခုမဟုတ်လည်း တချိန်ချိန်
လုပ်ကိုလုပ်ရမှာပဲလေပထမဆုံး အလုပ်သွားရတဲ့ Aug 1ရက်နေ့
အမေနဲ့မောင်လေး လိုက်ပို့တယ်
မန်နေဂျာကို ဝင်တွေ့ပြီးသေချာ အပ်ပေးခဲ့တယ် ကျမက computer သင်တန်း
တက်ထားလို့ Product management
Team မှာ အငယ်တန်းစာရေး အနေနဲ့
Excel တွေလုပ်ရတယ်
English ဘာသာစကားလည်း 9လ
တက်ခဲ့တော့ team leader ko Kenji
နဲ့စကားပြောလို့ ပိုအဆင်ပြေခဲ့တယ်
သူလည်း Hong kong ကနေကျောင်းပီးလို့
မြန်မာပြည် ပြန်လာ အလုပ်ဝင်တာ
ကျမထက် ၂လပဲစောသေးတော့
မြန်မာစကားသိပ်မတတ်ဘူး အဖွဲ့ထဲမှာ
30ကျော်အရွယ် အမ ၂ယောက်
20ကျော် အကို ၃ယောက် ပြီးတော့
အငယ်ဆုံး 18နှစ်ကျမ နဲ့ ခေါင်းဆောင်
ko kenji 23နှစ်တို့ပဲရှိတာ
တခြား အကြီးတန်းစာရေးတွေဖြစ်တဲ့
communication team (order team) က ကျမတို့ရဲ့ညာဘက်ခြမ်း အလုပ်စားပွဲ
မှာရှိတယ်
Accountant တွေကတော့ သီးသန့်အခန်းနဲ့
မန်နေဂျာအခန်းနားမှာ ငွေကိုင်ချုပ် အမျိုးသမီး တစ်ဦး ဥပဒေအကြံပေး ရှေ့နေ
၂ယောက် ရှိတယ်