ကျွန်တော်ကလေကမ္ဘာပေါ်မှာလှပတဲ့ပန်းပွင့်တွေအများကြီးထဲကမှနှင်းဆီပန်းတွေကိုအရမ်းသဘောကျတာ ဒါပေမယ့်ကျွန်တော်ချစ်တဲ့လူကကျွန်တော်ကိုမေးဘူးတယ်"Taeရာနှင်းဆီတွေကလှပပေမယ့်လဲဆူးတွေနဲ့လူကိုထိခိုက်စေတာဘာလို့သဘောကျနေတာလဲ"
"ငါချစ်တဲ့ဂျွန်ဂျောင်ဂုဆိုတဲ့ မင်းနဲ့တူလို့"
"ဘယ်လိုငါနဲ့တူတယ်မဖြစ်နိုင်တာမပြောနဲ့"
"တူတယ်အရမ်းကိုတူတာ ဂျွန်ကရောဘာပန်းကိုကြိုက်လဲ"
"Taeနဲ့တူတဲ့ဒေစီပန်းလေးကိုသဘောကျတယ်" သူ့အဖြေကြားတော့လူကနဲနဲဘဝင်မကျဘူးသူ့ကိုသာနှင်းဆီအဖြစ်ခံနိုင်ပေမယ့်ကိုယ်တိုင်တော့လုံးဝဒေစီမဖြစ်ချင်ခဲ့ဘူး
"ဂျွန်ကလဲမတူပါဘူးနော်Taeက ဒေစီပန်းနဲ့"
"ကိုယ့်အမြင်မှာတော့တစ်ထပ်တည်းပဲTaeရဲ့ ချစ်တယ်"
"ငါကပိုချစ်တယ်"
"ဟားးးဟားးးးဟုပါပြီ ဂျွန့်ရဲ့အဆိုးလေးရယ်"
သူကပျော်နေနိုင်ပေမယ့်ကိုကတော့မပျော်နိုင်ဘာလို့များ ဂျွန်ကိုနှင်းဆီပန်းနဲ့တူတယ်ပြောမိလဲမသိဘူးဆိုပြီးကိုယ့်ကို ကိုသာအပြစ်တင်နေမိသည်
အချိန်တွေကြာလာသည်နဲ့အမျှ~~~~
ဂျွန်ကကျွန်တော့်ကိုပိုချစ်လာတယ် အဲ့ဒါကြောင့်တွေးမိသေးတယ်ကျွန်တော်သိတဲ့ဒေစီနဲ့နှင်းဆီပုံပြင်လိုအဆုံးသတ်ကလုံးဝမဖြစ်ဘူးဆိုပြီးးပေါ့"Taeရေ Tae!!!"
"ဂျွန်ရယ် ဖြည်းဖြည်းခေါ်ပါလန့်တောင်လန့်တယ်ကွာမင်းကလဲ"
"ငါတို့လက်ထပ်ရအောင်"
"ဟမ်....ဘယ်လို....."
"ကိုလဲTaeကိုချစ်တယ် Taeလဲကိုယ့်ကိုချစ်တယ် ချစ်ခြင်းတွေကထပ်တူကျနေပြီပဲ"
"Omm. ..."
"အဲ့တော့ ကင်ထယ်ယောင်းကနေဂျွန်ထယ်ယောင်းအဖြစ် ဒီဂျွန်ဂျောင်ဂုဘဝထဲလာပေးလို့ရမလား သိပ်ချစ်ရတဲ့Tae"
". ........"
ကျွန်တော့်ရှေ့ကလူသားကိုစကားပြန်ပြောဖို့မေ့လောက်တဲ့ထိကိုပျော်နေခဲ့တာ