(U)Ep(27)Highlight~
သူတကယ်ကြီး ကွေးနေပြီ!!✰♪✰♪✰♪
မိဘတွေရောက်လာတယ်လို့ ပြောပေမယ့် တကယ်ရောက်လာကြတာက အမေတွေချည်းပါပဲ။
လုပ်ငန်းရှင် အဖေတွေကတော့ ရောက်မလာကြပါ။
အားလုံးအသီးသီး ကျေအေးဖို့ဆွေးနွေးအပြီးမှာ
မြဲတစေ၊ ကင်းရန်ရှင်း၊ နိုင်နိုင်နဲ့ သစ်ထင်ရောင်တို့ကို လပတ်စာမေးပွဲမဖြေခင်အတွင်း ကျောင်းတက်ရောက်ခြင်းကို ပိတ်ပင်လိုက်ကြသည်။
လူသေမတတ် ထိုးနှပ်ခဲ့တဲ့ မြဲတစေကို ဒီထက်ပိုပြီး အပြစ်ပေးဖို့ တောင်းဆိုချင်ကြပေမယ့် ဦးညိုမှိုင်းရဲ့မျက်နှာကြောင့် ဘယ်သူမှ မတောင်းဆိုရဲကြဘူး။
အထိုးခံရတဲ့ကျောင်းသားရဲ့မိခင်ကလည်း ဦးညိုမှိုင်းရဲ့ လုပ်ငန်းလက်အောက်ခံမိသားစုက ဖြစ်တာကြောင့် မကျေမနပ်ရိပ်ပြဖို့တောင် အခွင့်မရှိနိုင်ဘူးဖြစ်သွားသည်။ရုံးခန်းကနေအထွက်မှာ အလင်္ကာက စန္ဒာနဲ့စကားပြောနေပြီး တစေက ဒေါ်ရောင်ဝါလတ်နဲ့ တစ်ခြားအခန်းတစ်ခုမှာ စကားပြောနေသည်။
ကင်းကတော့ ရုံးခန်းထဲမှာ သူ့အမေနဲ့အတူ ကျန်နေခဲ့၏။"ကျောင်းဆင်းရင်ဆေးလိမ်းလိုက်ဦး"
စန္ဒာက သူ့မောင်ရဲ့နှုတ်ခမ်းထောင့်က အနာကိုကြည့်ရင်းပြောခြင်းဖြစ်သည်။"ရပါတယ် ဒီလောက်လေးပဲကို"
"ရရင်လည်းပြီးတာပဲ ဒီလိုမျိုးထပ်မဖြစ်စေနဲ့
မေမေတို့သိရင် စိတ်ပူကြလိမ့်မယ်""မသိစေနဲ့ပေါ့ မမလေးကလည်း"
တစ်ဖတ်က မြဲတစေကလည်း ဒေါ်ရောင်ဝါလတ်ရဲ့ရှေ့မှာ ရှုတည်တည်ကြီး အတောင့်လိုက်ရပ်နေသည်။
ဒေါ်ရောင်ဝါလတ်က ဘာပြဿနာမရှိဘူးဆိုတဲ့ မျက်နှာထားမျိုးနဲ့ ပြုံးရင်း ပြောလိုက်သည်။
"ဒီနှစ်တစ်နှစ်လုံး ရန်မဖြစ်လို့ ချီးကျူးနေသေးတာ
နောက်ဆုံးတော့လည်း မြဲတစေက မြဲတစေပါပဲလား""ဒီလောက်ပဲလား"
"ဘာကိုလဲ"
"ကျွန်တော် တခြားလူတစ်ယောက်ကို သတ်ပစ်လိုက်ရင်တောင် အမေတို့က အပြစ်တင်မှာမဟုတ်ဘူးမလား"