အ....ဖြေးဖြေးလုပ်ပါအမေ
ဒဏ်ရာတွေကိုတယုတယဆေးထည့်ပေးရင်းမျက်ရည်တွေကျနေတဲ့အမေ့ကို လှမ်းပြောလိုက်ရင်း
အမေ ဘာလို့အဲ့ အမရာမြူဆိုတဲ့မိန်းမကြီးကသားတို့အပေါ်အခုလိုဆက်ဆံနေရတာလဲ သူနဲ့သားတို့မှာဘာရန်ငြိုးတွေများရှိနေလို့လဲ
တိမ်တိုက်အမေးကို ဒေါ်တိမ်မြတ်လွှာဖြေချင်ပါသည် အကယ်၍ အမှန်တရားတွေသိသွားရင်ရော တိမ်တိုက်ကနားလည်နိုင်မည်လား
အမေ သားမေးနေတယ်လေ ဘာလို့မဖြေတာလဲ
သားအမေ့ကိုကတိတစ်ခုပေးရမယ်နော်အဲ့တာဆိုအမေပြောပြမယ်
အမေ့ရဲ့စကားကိုကျွန်တော်ခေါင်းညိမ့်ပြရင်း
ပေးတယ်အမေဘာကတိဘဲဖြစ်ဖြစ်သားပေးတယ်
တိမ်တိုက်ကိုကြည့်ရင်း တိမ်မြတ်လွှာ သက်ပြင်းမောတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်
ဦးရှိန်းထက် ကိုမှတ်မိလားသား
မှတ်မိတာပေါ့ ဦး ကကျွန်တော့်ကိုသိပ်ချစ်တာလေ ဦးရှိတုန်းကဆို အဲ့ အမရာမြူဆိုတဲ့မိန်းမကြီး သားတို့ကိုအခုလိုမလုပ်အောင်ကာကွယ်ပေးနေကြ
ကျွန်တော့်အပြောကို အမေ အသာအယာခေါင်းညိမ့်ပြပြီး
အဲ့ဒီ ဦးရှိန်းထက်က သားရဲ့ဖေဖေပေါ့
ဗျာ..........
အံ့သြမှုတို့နဲ့အတူ ကျယ်လောင်လွန်းတဲ့ကျွန်တော့် ဗျာ အသံကို အမေက မသိကျေးကျွံပြုပြီး
သားနားလည်ဖို့လွယ်အောင် အမေပြောပြမယ် ဦးရှိန်းထက် နဲ့အမေ လက်ထပ်ပြီး၁နှစ်လောက်အကြာမှာ သူ့အမေ နှလုံးရောဂါသည်ကြီးရဲ့ သရုပ်ဆောင်မှုတွေကြောင့်
အမရာမြူနဲ့လက်ထက်လိုက်ကြတယ်ချမ်းသာပြီးအဆင့်အတန်းမြင့်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အမွေဆက်ခံံသူ၂ယောက်ဆိုေတာ့အရမ်းခမ်းနားတဲ့လက်ထပ်ပွဲကြီးကျင်းပကြတာပေါ့
အမေကအဲ့တာကိုသဘောတူပြီးကြည့်နေခဲ့တာလား
ကျွန်တော့်အမေးကိုလှောင်ပြုံးဖြင့်အမေ ချေဖျက်လိုက်ကာ
YOU ARE READING
အရှင့်ကျေးကျွန်