Unicode
Shelly အိပ်ခန်းထဲကနေ လိုက်ကာစကို ဖယ်ပြီး
အပြင်ဘက်က နှင်းမှုန်တို့ ပြန့်ကျဲနေတဲ့ ပတ်ဝန်းကျင်ကိုကြည့်မိနေတယ် ..။
ချမ်းလိုက်တာဖြင့်စိမ့်နေတာပဲ ။
သူမက တခုခုကို တွေးပူနေမိတာ ဘာလဲတော့ မသိ ။
သက်ပြင်းချရပြန်ပါပြီ ။
သေချာတာကတော့ ထိုကလေးမကို
ဘယ်လိုထိန်းရမလဲဆိုတာပဲ ။“အိမ်ထိန်းတော် Rin!!”
ထိုသို့ အော်ပြီး စကားပြောနိုင်တာ
ဘယ်သူရှိမလဲ... ဟိုကလေးမပေါ့ ။မနက်အစောပိုင်း Heatherရဲ့အသံက
တိတ်ဆိတ်နေတဲ့ အိမ်ကြီး တစ်အိမ်လုံးကို
ထိုးဖောက်စွာ ထွက်ပေါ်လာတယ် ။“ဘာအလိုမကျတာ ရှိနေပြန်ပြီလဲ?”
Shellyစိတ်ထဲက ရေရွတ်လိုက်သည် ။
ထိုသို့ပြောနေရင်း... မဖြစ်သေးပါဘူး ..
သူမလဲ သွားကြည့်ရမည် ။“ကျွန်မ ဝတ်မယ်ပြောထားတဲ့ဟာ
ဘာလို့ အခုထိအဆင်သင့်မဖြစ်ရတာလဲ? ”အခန်းပြင်ကနေ ထိုကလေးမရဲ့အသံကို
ကြားလိုက်ရတယ် ။
ထိုကလေးမစိတ်ကြီးတာက အဖေတူတာ..သူမရဲ့ အရင်ကချစ်ဦးပေါ့ ။
အရင်ကငယ်ချစ်ဦး....
ထိုလူလဲ အဲ့လိုပဲ အရမ်းစိတ်ကြီးတာ..
သူမ သူ့အခုလို နောက်မိန်းမဖြစ်နေပေမယ့်..
ချစ်တဲ့စိတ်တော့မရှိတော့..။
ဘာလို့လဲဆိုတော့ သူမက
အိမ်ထောင်ရေးပြိုကွဲစေတဲ့သူတယောက်ဖြစ်နေလို့..
သူမအပြစ်မကင်းပါ ဒါကြောင့်လဲ ထိုကလေးမအပေါ်အကောင်းဆုံးဆက်ဆံခဲ့တာ ။သူမက Heatherရဲ့အတန်းက
ဆရာမတယောက်ပါ ။
အသက်က 37စွန်းစွန်းသာရှိနေပေမယ့်...
လူလတ်ပိုင်းအရွယ်လို့တောင်
ထင်မှတ်လောက်အောင် နုပျိုနေသေးတယ် ။
အရင်ကတော့ သူမကို
Heatherက သိပ်ခင်တယ် ။
အခုကတော့...သူ့မရဲ့အရှေ့ကို Heatherက လာရပ်တော့
သူမရဲ့အတွေးတွေ ပြတ်တောက်သွားခဲ့တယ် ..
ကောင်မလေးက မျက်ခုံးပင့်ပြီးကြည့်နေလေရဲ့ ။“ တီချယ်..မနက်စာပြင်ပေးထားတယ်
သွားစားရအောင် ”ထိုသို့ပြောတော့ Heatherရဲ့ နှုတ်ခမ်းပါးလေးက အပေါ်သို့ကော့တက်သွားတယ် ။