Ep8 Uni+Zawgyi

6.4K 608 34
                                    

Unicode

အိမ်ကိုပြန်​ရောက်​တော့ ၉နာရီဖြစ်​နေပါပြီ ညဥ့်နက်​လေ ​မောင့်အ​ကြောင်း​တွေက အ​တွေးထဲစိုးမိုး​လေပါပဲ ခုနက​တွေ့ခဲ့တဲ့​မောင့်ကို​တောင် တို့က​တော့ အသည်းပို သတိရ​နေ​ကြောင်းသာ ​မောင်သိရင် ဟားတိုက်မယ်ထင်ပ

​ရှေ့ရက်များက သူ​ပေးခဲ့သည့် ဖိတ်စာ​လေးကို မကြည့်ဝံ့လို့ ဗီဒိုထဲသာ သိမ်းဆည်းထားဖြစ်သည်က လက်လွှတ်​ပေးမှုမှာ တို့အတ္တ​လေး​တွေ ကပ်ငြိ​နေ​ကြောင်း သက်​သေ။ သိပ်မကြာမီကပင် သူကတို့ကို​အောင်နိုင်စွာ မိတ်ဆက်​ပေးခဲ့သည့် အိမ်သူသက်ထား ဖြစ်လာမည့်ညီမငယ်က ဘယ်​လောက်ချစ်​စရာ​ကောင်း​ကြောင်း ကြွားဝါချင်၍များ သူထုတ်ပြလာခြင်းလား ဟုပင် တို့အ​တွေး​တွေက နက်ခဲ့ရ

ဖိတ်စာ​လေး​တောင်မှ အင်မတန် ထည်ဝါလိုက်သည့်ဖြစ်ခြင်း ​ရှေးလူကြီး​တွေ​ပြောကြသလို ​​"ရွှေရွှေချင်းထပ်မြတ်တယ်" ဆိုတာ ဒီမဖြစ်အပျက်​ပေလား တို့များက​တော့ ကံဆုံ​ပေမယ့် ဝဋ်ဒုက္ခ​လေးကကြီး​တော့ ​ဝေး​ဝေး​နေရသည့် ဖြစ်အင် ​နောက်ဘဝများ​တော့ သံသရာတစ်​လျှောက် ​မောင့်လက်ကို မလွှတ်တမ်းတွဲချင်​ကြောင်း ဘုရား​ရှေ့တိုင်တည်မိသည်က အခါခါ

ဖိတ်စာ​လေး​ပေါ်က ​ရွှေဝါ​ရောင် ကြိုး​လေးကို ဖြည်ချ အတွင်းထဲက စာရွက်ဝါကြင့်ကြင့်​လေး​ပေါ်​ရေးထားသည်က ​မောင်ကြွယ်ဝထက်သာ နှင့် မထိပ်ထားဦး ​နောက်လမှာ လက်ထပ်​တော့မည့် ကိုယ်ချစ်ရသူရဲ့ဖိတ်စာ​ပေါ် အားမနာကျမိရတဲ့ မျက်ရည်စက်တချို့တစ်ဝက်က ညဘက်မှတို့​လောဘ​လေး​တွေက အ​မောက်​ထောင်​ကြောင်း ​မောင်သာသိရင် ညှိုးက​မောင့်ကိုငြင်းတုန်းကငြင်းပြီးငို​နေရလားလို့ ဆူ​လေမလား ဒါလဲမဖြစ်နိုင်​ပေါင် သူဟာတို့ကို ပြတ်သားနိုင်လို့ပင် တခြားလက်တွဲ​နေပြီကို တို့သာအမျှင်မပြတ်ဖြစ်​နေတာ ​မောင်နဲ့​တွေ့မှညှိုးဟာလူဆိုးတစ်​ယောက်ဖြစ်​တော့တယ်
               ×             ×          ×
"မမိုး မမသွယ်​ရော မ​တွေ့ပါလား"

ညှိုးအား မျက်စိ​ရှေ့မ​တွေ့တာနဲ့ reception​တွင်  အ​လောတကြီး​မေး​နေ​သော ကျွန်​တော့်နားက က​လေးမ ညှိုးက မိန်းက​လေးများ၏အချစ်ခံ အထိ သူက​လေးဟာ မြတ်နိုးဖွယ်​ကောင်းလှသည်

"ညှိုး"(BL) CompleteDonde viven las historias. Descúbrelo ahora