(U)
ဒီနေ့ အရမ်းနောက်ကျသွားလို့ တောင်းပန်ပါတယ်
တကယ်တော့ 11ရက်နေ့တည်းက ပုံပြင်Preschoolတစ်ခုမှာ အလုပ်ဝင်နေတဲ့အတွက် ဖုန်းသုံးရတဲ့အချိန်တွေ သိပ်မရှိတော့လို့ပါ
အခုလည်း စာတွေမစစ်ဘဲ အလောသုံးဆယ်တင်ပေးလိုက်ရတာပါ
နောက်လည်း updateနောက်ကျတာမျိုးရှိရင် နားလည်ပေးပါနော်👉👈>>>>><<<<<
Ep(29) Highlight~
လူတိုင်းမှာ ပြန်ပြီး အမှတ်မရချင်တဲ့ အတိတ်တွေဆိုတာရှိတယ်။✰♪✰♪✰♪
နောက်တစ်ရက်ကျတော့ မနက်ပိုင်းနဲ့ နေ့လည်ခင်းမှာ တစေတို့နှစ်ယောက် ခြံထဲမှာ ဘတ်တန်ရိုက်လိုက် ဆော့လိုက်နဲ့ အချိန်ကုန်ဆုံးခဲ့သည်။
ညနေသုံးနာရီလောက် ရောက်တော့ ရေမိုးချိုး အဝတ်အစားလဲပြီး မွေးနေ့ပွဲသွားရန်ပြင်ကြသည်။
တစေက ဘာထူးထူးခြားခြားမှ မပြင်ဆင်ဘဲ အလင်္ကာနဲ့ အဝတ်အစားတစ်ပုံစံတည်း ဝတ်လိုက်သည်။
အင်္ကျီခဲရောင် အနက်ရောင်ဘောင်းဘီနဲ့ဖိနပ်နဲ့ပေါ့။
မွေးနေ့ကိုသွားတော့ အိမ်ကDriverဦးကြီးကို လိုက်ပို့ခိုင်းပြီး လမ်းမှာလက်ဆောင်ကို ဝင်ဝယ်လိုက်သည်။
နာမည်ကြီးတံဆိပ်နဲ့ရေမွှေးကို အဖြူရောင်ပါကင်လေး ပိတ်ရင်း လွယ်လွယ်ကူကူသာ ယူလာလိုက်သည်။တစ်မျှော်တစ်ခေါ်ကြီး ကားနဲ့ဝင်လာပြီးနောက်မှာ မွေးနေ့ပွဲကျင်းပရာ ဥယျာဥ်ကို ရောက်လာခဲ့ပြီ။
ကားထဲကနေ တစေနဲ့အလင်္ကာ ဆင်းလာရင်း
တစေက ကိုင်ထားတဲ့ ပါဆယ်ကို ဧည့်ကြိုနေရာမှာ ဖြစ်သလို တင်ပေးလိုက်သည်။
ပွဲထဲကို ကင်းကကြိုရောက်နေတာဖြစ်ပြီး ကင်းရဲ့ဘေးမှာထိုင်နေတာက........တုံတုံ?တုံတုံက သူ့ရဲ့ယောက်ျားလေးဆန်တဲ့ဆံပင်အလယ်ခွဲကို ဘယ်ဘက်အခြမ်းမှာ ဖဲပြားသေးသေးလေးပါတဲ့ ကစ်လစ်လေးနဲ့ရိုးရိုးလေးထိုးထားပြီး မျက်နှာကလည်း မိတ်ကပ်ပါးပါးနဲ့ နှုတ်ခမ်းနီဖျော့ဖျော့လေးကို ဆိုးထားသေးသည်။
သူ့အိမ်က ဆင်ပေးလိုက်တဲ့ ဂါဝန်ကို ဝတ်လာသည်နှင့်တူသည်။
အဖြူရောင်ဂါဝန်လေးက သူ့အသားအရည် သူ့အရပ်အမောင်းနဲ့ ပနံသင့်စွာ ကြည့်၍ကောင်းနေသည်။