EIUJNM:Chapter(6)မင်း သူ့ကိုမချစ်လို့မရဘူးလား...
"မင်းကိုပြောစရာရှိတယ်"
ဝိုင့်လည်ကုပ်ကို လှမ်းဖျစ်ပြီးမှအဒမ်က မျက်နာချင်းဆိုင်မှာဝင်ထိုင်ရင်းပြောတယ်။
"ဘာလဲ!ငါ့မှာလဲရှိတယ်"
"မင်းအရင်ပြော..."
"မင်းသာအရင်ပြောပါ ဘာလဲ!ဘယ်ရည်းစားနဲ့စကားများလာပြန်ပြီလဲ"
အဒမ်က ပြုံးရင်းခေါင်းခါတယ်။
"နိုး!မပြောပြဘူး မင်းအရင်ပြောဘာအကြောင်းလဲ..ဘယ်ဆိုင်ကအစားအသောက်ကိုပိုကြိုက်သွားပြန်ပြီလဲ""ကျစ်!အဲ့ဒါဆိုလဲပြိုင်တူပြောမယ် နို့မို့ဆို တစ်သက်လုံးနေရင်တောင်ပြောလို့ပြီးမှာမဟုတ်ဘူး"
"အိုခေလေ..."
သူတို့ပြိုင်တူ တစ်၊နှစ်၊သုံး ရေတွက်လိုက်တယ်။
"ငါ ရည်းစားနဲ့ပြတ်သွားပြီ!" "ငါ ရည်းစားရပြီ!"
ပြီးပြည့်စုံတဲ့ ပြိုင်တူဖြစ်မှုပဲ...ခါတိုင်းလိုဆို တစ်ယောက်ယောက်ကညစ်ပြီး မပြောဘဲကျန်ခဲ့နေကျ။အဒမ်က ရည်းစားတွေနဲ့ပြတ်နေကျဆိုပေမယ့် ဒီတစ်ခါတော့ထူးထူးခြားခြား မျက်နှာပျက်နေတာကိုသူမြင်နေရတယ်။အဒမ် ဒီတစ်ယောက်ကိုတော့ တစ်လလောက်တွဲခဲ့တာဆိုတော့ အင်း...အရင်လူတွေထက်သဘောကျလို့နေမှာပေါ့။
ပြောပြီးလို့ မျက်နှာနည်းနည်းမှိုင်သွားတဲ့ အဒမ့်ကို ဝိုင်ဘာမှန်းမသိအားနာသလိုဖြစ်သွားပြီး စိတ်ထဲမှာလဲမပျော်မရွှင်ဖြစ်သွားရတယ်။ခါတိုင်းလိုပဲအဒမ်က ရည်းစားနဲ့ပြတ်သွားတယ်...သူကလဲခါတိုင်းလိုပဲ Singleသာဆိုပြီး တွေးဖြစ်လိုက်တာတော့အမှန်ပဲ။သူငယ်ချင်းကိုနှစ်သိမ့်ပေးလို့ရတာပေါ့...ခုတော့...
"ဆောရီး အဒမ်!ငါအဲ့လိုမှန်းမသိဘဲ"
"ဘာဆိုင်လဲ!ငါအမြဲရည်းစားနဲ့ပြတ်နေကျကို"
အဒမ် ဟန်မပျက်သာပြောလိုက်ရတာ စိတ်ထဲမှာက သွေးတွေပြောင်းပြန်စီးသလိုခံစားနေရတယ်။စိတ်ထဲမှာလဲတစ်ခုခုကိုမကျေနပ်သလိုမျိုးနဲ့ မကြည်မလင်ခံစားနေရတယ်။ခါတိုင်း သူ့ကိုဝိုင်ကနှစ်သိမ့်ပေးနေကျ ခုတော့....ထားလိုက်ပါတော့...အစကတည်းက သျှေးဝိုင်က သူ့အပိုင်မှ မဟုတ်တာပဲ။
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]