ဒီနေ့ကကျောင်းတက်ရမည့်နေ့။ပထမဆုံးကျောင်းတက်ရမည့်နေ့မို့ ဂျီဟျွန်းလေးစိတ်လှုပ်ရှားနေမည်ထင်ပါရဲ့။ကလေးလေး စိတ်လှုပ်ရှားတာပျောက်အောင်ဘာလုပ်ပေးရပါ့မလဲ။
သို့သော် အခုလတ်တလော အမှန်တကယ် စိတ်လှုပ်ရှားနေသူက ယွန်းဟွာသာ။ယွန်းဟွာသည် ဒူးဖုံးစကတ်လေးနှင့် အနက်ရောင် ကျောင်းတံဆိပ်ပါ ကုတ်တို့ကိုထပ်ဝတ်ထားသည့်အပြင် နက်ကတိုင်ကိုသေချာမချည်ပဲ လျော့လျော့ထားလေသည်။ထို့ကြောင့် သူမပုံစံက ခပ်ဆိုးဆိုးကျောင်းသူမလေးကဲ့သို့ပင်။ဂျီဟျွန်းလေးကတော့ သူမနှင့်ဆင်တူ ကျောင်းကုတ်ကို ဝတ်ဆင်ထားကာ နက်ကတိုင်ကို သေချာစည်းထားလေသည်။အဘယ့်ကြောင့်ဆိုသော် နက်ကတိုင်ကိုစည်းထားပေးသူက ယွန်းဟွာဖြစ်သည်မို့ပင်။အနက်ရောင် leather shoeကိုဝတ်ဆင်ထားကာ စတိုင်ပင်အနက်ရောင်ကလဲ fit ဖြစ်သယောင်ယောင်မို့ ဂျီဟျွန်းလေးသည် လူကြီးပေါက်စလေးအလားပင်။
အခုရက်ပိုင်းအတွင်း ယွန်းဟွာ၏ အတင်းသွတ်ထည့်...အဲလေ...ကျွေးမွေးမှုတို့ကြောင့် ဂျီဟျွန်းလေးသည် အသားပြည့်လာကာ ဝိတ်များပင်တက်လာသည်။အရပ်လဲ မဆိုသာဆိုသာလေးထွက်လာသည်။ဂျီဟျွန်းသာ် သူ၏ limited edition ထုတ် လွယ်အိတ်ကို ဘေးတစောင်းလွယ်ကာ
"မမ...သားတို့အောက်ဆင်းကြမယ်လေ..."
"အာ...အာ ဟုတ်သားပဲ အောက်ဆင်းကြမယ်လေ...လွယ်အိတ်...လွယ်အိတ်...ငါ့လွယ်အိတ်ကဘယ်မှာတုန်းဟ..."
ကုတင်ပေါ်တွင်ရော ကုတင်ဘေးဘက်တွင်ကိုပါ ကုန်းကုန်းကွကွနှင့်လိုက်ရှာနေသော ယွန်းဟွာကြောင့် ဂျီဟျွန်းလေးသက်ပြင်းချလိုက်ကာ
"ကုတင်ခေါင်းရင်းတိုင်မှာ မမပဲချိတ်ထားတာလေ..."
"အ့..ဟုတ်သားပဲ..."
သူမလဲ ကုတင်ခေါင်းရင်းတိုင်တွင်ချိတ်ထားသော လွယ်အိတ်ကိုယူကာ ဘေးတစ်စောင်းလွယ်လိုက်သည်။ထို့နောက်ဂျီဟျွန်းကိုချီလိုက်ကာ အောက်ဆင်းရန်ပြင်လေသည်။ထိုအခါ ဂျီဟျွန်းက
"မမ အဝတ်တွေကြေကုန်ပါ့မယ်..သားဘာသာ သား လမ်းလျှောက်မယ်လေ..."
"အမလေး..မမမောင်လေးက ခြေကသိပ်ခိုင်တာမဟုတ်ပဲနဲ့ကို...ကျောင်းရောက်မှ ကိုယ့်ဟာကိုယ်လျှောက်နော်...ဟုတ်ပြီလား..."

YOU ARE READING
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...