10

13.8K 262 0
                                    


♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕


နိုးနိုးချင်းအပျင်းကြောတစ်ချက်ဆန့်လိုက်ပြီးခုတင်ပေါ်၌ထိုင်လိုက်သည်။

ဘေးဘယ်ညာဝေ့ကြည့်လိုက်တော့ကို့ကို့ကိုမတွေ့။

အိပ်ရာနိုးနိုးချင်းအစာတန်းစားတတ်သောအကျင့်ရှိသည်ကြောင့်စားပွဲပေါ်သို့လှမ်းကြည့်လိုက်သည်။

ဘာစားစရာမှရှိမနေ။

ထလိုက်ပြီးစားပွဲပေါ်တွင်တင်ထားသောဖန်ကရားထဲမှသောက်ရေသန့်ကိုဖန်ခွက်ထဲသို့အပြည့်ထည့်ကာသောက်လိုက်၏။တစ်ခွက်ဖြင့်မဝသဖြင့်(၂)ခွက်။

ထို့နောက်ရေချိုးခန်းအတွင်းသို့ဝင်ကာအလေးအပင်စွန့်လိုက်သည်။အစာစားပြီးမှသာသွားတိုက်လေ့ရှိသည်ကြောင့်မျက်နှာသာသစ်ပြီးပြန်ထွက်လာခဲ့လိုက်၏။

ထွက်လာလာချင်းတွေ့လိုက်ရသည်ကအခန်းအတွင်းရှိဝါးထိုင်ခုံ၌ထိုင်နေသောကိုကို။

"ကိုကိုဘယ်သွားနေတာလဲ" မိတ်ကပ်ထည့်သည့်အိတ်ထဲမှtonerပုလင်းကိုထုတ်နေရင်းနှင်းဖူးမေးလိုက်သည်။

"အလုပ်ကိစ္စဖုန်းလာလို့ . . . babyနိုးမှာစိုးလို့အပြင်ထွက်ပြီးဖုန်းပြောနေတာ"

"ဘယ်နှစ်နာရီထိုးပြီလဲ"

"၆နာရီ၄၇" လက်တွင်ပတ်ထားသော A. Lange & Söhneနာရီကိုကြည့်လျက်ကိုကိုပြန်ဖြေလေသည်။

"ဗိုက်ဆာတယ်" tonerလိမ်းပြီး၍sheet maskကိုမှန်ရှေ့၌အသေအချာကပ်လိုက်၏။

"ဟိုတယ်မှာသွားစားမယ်လေ"

ကို့ကို့အမေးကိုခေါင်းသာညိတ်ပြလိုက်သည်။

(၁)နာရီလောက်အကြာရေမိုးချိုးအလှပြင်ပြီး၍ဟိုတယ်စားသောက်ခန်းဆီသို့ထွက်လာခဲ့လိုက်သည်။

အစာမစားရသေးသော်လည်းအပြင်သွားရမည်ဖြစ်သည်ကြောင့်သွားတိုက်ခဲ့ရ၏။စားပြီးလည်းတစ်ခါပြန်တိုက်ရဦးမည်ကိုတွေးမိသောအခါစိတ်ထဲသိပ်ဘဝင်မကျ။

အသီးအရွက်ပဲစားသုံးသူနှင်းဖူးနှင့်အသားပေါင်းစုံစားသုံးသူကိုကိုမှာအစားအသောက်ရွေးချယ်သည့်နေရာမှာတော့အလွန်ပင်ကွဲပြား၏။

《 ALYA 》Donde viven las historias. Descúbrelo ahora